အပိုင်း(၁၆)

11.1K 554 5
                                    


" အင့် ကိုကို..အီးဟီး...."

တံခါးဖွင့်သံအဆုံး မြင်လိုက်ရတဲ့ မြင်ကွင်း၊ မျက်ရည်တွေနဲ့ငိုနေတဲ့ ကလေးငယ်။ ဆွဲဖက်၍ ရင်ခွင်တွင်း သွင်းမိသည်။ ကိုကို စိတ်ပူနေတာ...ကိုကို ဆိုပြီး ငိုနေတဲ့ ကလေးကို တင်းကျပ်စွာ ပွေဖက်၍ ချော့မြူမိသည်။ တိတ်ပါကလေးရယ်...ကိုကိုရှိတယ်လေ။

" ဘာလို့လဲဟင် ကလေး ဟင် ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော...."

ရင်ခွင်ထဲ ဆွဲထုတ်ပြီး ပါးပြင်ပေါ်ကခုန်နေတဲ့ မျက်ရည်တွေ ခပ်ဖွဖွလေးသုတ်ပေးရင် မေးမိတယ်။ ခေါင်းခါ၍သာ ဖြေနေတယ် ၊ မင်းလေးကိုစိုးရိမ်လွန်လို့ သေတော့မယ်။ ခုအခြေအနေ ဟိုကောင်တွေ မြင်ကြည့် ဘယ်လောက်တောင် ဟားလိုက်မလဲ ၊ ဒါမျိုးလား ကလဲ့စားချေမူကြီးဆိုပြီး။ ခုချိန် ကိုယ်ရင်ထဲမှာ မင်းမျက်ရည်တွေက နာကျင်ရလို့ပါ။တိတ်ပါကွာ...ငါကြောင့် လည်း မင်းငိုရအုံးမှာ...စိတ်ထဲမှာသာပြောမိသောစကားကြောင့် မျက်နာပေါ်ကစိုးရိမ်မူက မလုံမလဲထင်ဟပ်စွာ ။

" ကိုကို..."
" အင်း ကလေးပြော...ဘာလို့ငိုတာလဲဟင်..."

" ကျွန်တော်...ကျွန်တော်လေ........."
"အင်း...ပြော..ကလေး"

"ကျွန်တော်....ကိုကို ကို့ချစ်တယ်...."
" ဘယ်လို ကလေး....ဘာပြောတယ်...."

"ဟုတ်တယ် ကိုကို ကို့ချစ်တယ်..."

ကျွန်တော်ချစ်ခြင်း မလှောင်ပါနဲ့လားကိုကို။ ပထမဦးဆုံးမို့ ပြက်ရယ် မပြုလိုက်ပါနဲ့လား..ကိုကို။ ကျွန်တော် မတန်မရာ ပြောမိပြီလား ၊ ကျွန်တော်လေ...တကယ်ချစ်နေမိတာပါ။ မဝံ့မရဲ အတွေးများစွာဖြင့် ကိုကိုမျက်နှာကို မကြည့်ရဲ။ ဘာပြောလိုက်မလဲ ဆိုတဲ့အသိက က အန္တာရယ်တခုခုကို တွေ့ဆုံဖို့ရာ ကြောက်လန့်နေသလို ခံစားချက်။ ဟင်းအင်း...မငြင်းပါလိုက် ကျေးဇူးပြုပြီး။

"ကလေး ခုနပြောလိုက်တဲ့အဓိပ္ပါယ်ကိုသိတယ်မဟုတ်လား ဟင်ကလေး"

ကိုကိုမျက်နှာကိုမော့မကြည့်ရဲ ၊ ခေါင်းငြိမ့်၍သာဖြေမိတယ်။ ဖွင့်ပြောမိတာ မှားများသွားပြီလား။ လက်သည်းထိပ်ကိုသာ တခြားလက်တစ်ဖက်နှင့် ကုတ်ဖဲ့၍သာ ကိုကိုဆီက စကားသံကိုနားစွင့်မိတယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now