Chapter - 25

3.6K 372 72
                                    

Unicode
~~~~~~~~~

အရာအားလုံးဟာ အဆင်ပြေသွားပြီထင်ထားခဲ့ပေမဲ့ နောက်ပိုင်း အိမ်မက်ဆိုးတွေက ပိုပိုပြီးထင်ရှားစွာ မြင်မက်လာခဲ့သည် ။ ဧကရာဇ်မောင်ဟာ မနက်အိပ်ယာမှနိုးထလာတိုင်း သူ့ရဲ့ဘေးနားမှာ ကုမုဒြာမရှိနေလျှင် အရင်ကလိုမပျော်ရွှင်နိုင်တော့ပဲ ဆိုးရိမ်စိတ်တွေသာ ပိုလာခဲ့သည် ။

မျော့တစ်ကောင်လိုအမြဲကပ်သွယ်နေတတ်ပြီး ခွာချ၍ပင်မရတဲ့လူတစ်ယောက်က အရင်လိုသူ့အား အချိန်ပြည့်မကြည့်တော့ပဲ ရှောင်ဖယ်နေခြင်းဟာ ဟိုအရင်ကဧကရာဇ်မောင်အတွက် စိတ်ပျော်ရွှင်နေသင့်ပေမဲ့ ခုတော့တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရသလို ခံစားချက်တွေရှုတ်ထွေးလာသည် ။

ကုမုဒြာက အရင်လို သူ့ရဲ့ဟော်မုန်းတွေကို တန်းတန်းတတ အရူးအမူးမတောင့်တတော့သလို တစ်ယောက်ထည်း နေတတ်လာသည် ။ သူ့ကိုမမြင်ရရင် မနေတတ်တဲ့အကျင့်ကနေ ခုတော့ သူ့ကိုမမြင်အောင် ပုန်းရတာကို နှစ်သက်သွားပုံပင် မုဒြာရဲ့မျက်နှာကို မြင်တွေ့ရဖို့ ဧကရာဇ်မောင်အတွက်အလွန်ခက်ခဲလာသည် ။

သူ့ကိုအတင်းချုပ်နှောင်ပြီး မရယူတော့ပဲ သူ့ဘက်ကစတင်လျှင်တောင် ရုန်းထွက်သွားတတ်သည် ။ ဒီလိုတွေဖြစ်လာတော့ ခံစားချက်တွေက အတော့ကို ခံရခက်သည့် ဝေဒနာတစ်ခုအလားပင် ။

ဧကရာဇ်မောင်ကတော့ ဆန့်ကျင်စွာပင် သူအမြဲမုန်းတီနေခဲ့တဲ့လူရဲ့မျက်နှာက နေရာတိုင်မှာဆွဲထင်နေသည် ။ ကုမုဒြာရဲ့အနံ့အသက်တွေက သူ့အားလုံခြုံမှုအပြည့်ပေးနိုင်သလို နွေးထွေးသည်ဟုလဲခံစားလာရသည် ။ မုဒြာရဲ့ဂရုစိုက်ပေးမှုတွေကိုလဲ ဟန်ဆောင်နေသည်ဟု မမြင်နိုင်တော့ပဲ အစစ်အမှန်ဆိုတာ ယုံကြည်သွားသည် ။

ဝေဝါးနေတဲ့ ကောင်းမွန်တဲ့အိမ်မက်တွေကို ပိုပြီးထင်ရှားစွာမြင်တွေ့ခွင့်ရချင်လာသည် ။ အိမ်မက်ထဲမှာ သူတို့ဟာ ပြုံးပျော်နေကြသည် ။ သူ့ကိုနာကျင်အောင်လုပ်တဲ့လူက ထိုလူသားမဟုတ်နေခဲ့ပေ ။ ဒါပေမဲ့ သူလုပ်ဆောင်ခဲ့သမျှ အတိတ်ကဖြစ်ရပ်တွေက အိမ်မက်ထဲမှာ သူ့ရဲ့နောက်ထပ်မကောင်းတဲ့မိစ္ဆာပုံစံကို မြင်လိုက်ရသလိုပင် ။ ထိုမိစ္ဆာကောင်က သူ့ရဲ့ခုပုံစံကိုကြည့်ပြီး လှောင်ရယ်နေသည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now