Chapter - 26

3.3K 327 68
                                    

Unicode
~~~~~~~

ဒီနေ့ မောင့်ရဲ့မွေးနေ့မို့ မုဒြာပျော်ရွှင်မိပေမဲ့ ကိုယ်ဝန်ရှိနေတဲ့အကြောင်း ဝန်ခံတော့မှာမို့ စိတ်လှုပ်ရှားနေသည် ။ အရင်နှစ်တွေက မောင့်မွေနေ့မှာ ဈေးကြီးတန်ကိတ်တွေဝယ်ပေးခဲ့ပေမဲ့ မောင်ဟာ လက်ဖြားနှင့်ပင်မတို့ခဲ့ပေ ။ ဒါကြောင့် မောင်ကကိတ်မုန့်ကို မုန်းတီးနေ၍ဖြစ်မည်ဟု မုဒြာထင်ခဲ့သည် ။

ကသစ်ပန်းရောက်လာမှ မောင်ကိတ်မုန့်ဆိုင်မှာ အမြဲကိတ်သွားစားတာကို မုဒြာတွေ့လိုက်ရပြီး မောင်နှစ်သက်တဲ့ ကိတ်ကို မုဒြာကိုယ်တိုင်ပြုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည် ။ စနေနေ့မနက်ပိုင်းမှာ မောင့်ရဲ့ရုံးအနားက ကိတ်ဆိုင်သို့ မုဒြာထွက်လာခဲ့ပြီး မောင်စားနေကျကိတ်ရဲ့အရသာကိုမေးမြန်းကာ ကိုယ်တိုင်ပြုလုပ်ဖို့အတွက် သင်ကြားခိုင်းသည် ။

ထိုတစ်နေ့စာအတွက် ဆိုင်ကိုငှားထားလိုက်ပြီး ကိတ်မုန့်ဖုတ်သည့်ဆရာများကို သူ့အားနည်းပြစေခဲ့သည် ။ မုဒြာက ဟိုးအရင်ကတည်းက မုန့်လုပ်ရတာဝါသနာပါသူမို့  သင်ကြားတတ်မြောက်လွယ်ကာ မောင့်အတွက် ကိတ်လုပ်ရာ၌ ပျော်ရွှင်နေသည် ။

အရောင်းဝန်ထမ်းမလေးတွေက ကုမုဒြာကိတ်လုပ်နေတာကို ချောင်းကြည့်ကာ တိုးတိတ်စွာဖြင့် ပြောနေကြသည် ။

" အဲ့ဒိသခင်လေးက ဥက္ကဌဟောင်းဦးကုဌေကြွယ်ရဲ့ မြေးသခင်လေးကုမုဒြာမဟုတ်လား … သူကအပြင်မှာအရမ်းချောတာပဲ "

" ဟုတ်တယ် … ဒီနေ့က ဥက္ကဌဧကရာဇ်မောင်ရဲ့ မွေးနေ့ဖြစ်မယ် … သခင်လေးမုဒြာကသူ့မိတ်ဖက် ဥက္ကဌကိုအရမ်းချစ်တာလို့ သူ့ဝန်ထမ်းတွေဆီကနေကြားဖူးတယ် … ကိုယ်တိုင်တောင်ကိတ်မုန့်လုပ်ပေနေတာပဲကြည့်လေ "

" ချန်းသာတဲ့လူတွေများ ကိုယ်တိုင်ကိတ်မုန့်ဖုတ်ပေးဖို့ တစ်ဆိုင်လုံးကိုတောင် အပျက်ငှားပြီး ကိုယ်တိုင်လာလုပ်တယ် … ဝယ်လိုက်ရင်တောင်ငွေဒီလောက်မကုန်တာကို … အားကျလိုက်တာဟယ်  "

" ဝယ်တာနဲ့ဘယ်တူမလဲ … ကိုယ်တိုင်လုပ်ပေတဲ့အရာနဲ့ဝယ်တဲ့ဟာက အရသာကွဲပြားတယ် … အချစ်တွေအပြည့်နဲ့လုပ်နေတာပဲကြည့်လေ "

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now