Chapter - 28 ( 💔💔💔 )

5.4K 418 94
                                    

Unicode
~~~~~~~~

" ထွက်သွား "

ကုမုဒြာသံကုန်ဟစ်ကာ အော်လိုက်မိသည် ။

" …… "

ထိုစဉ် သူ့ရဲ့အရှေ့ကလူဟာ လုံးဝငြိမ်သက်သွားကာ ပတ်ဝန်ကျင်က တိတ်စိတ်လို့သွားသည် ။ သူ့လက်မောင်းကို ဆုတ်ကိုင်ထားတဲ့ ဧကရာဇ်မောင်ရဲ့လက်တွေကလဲ တင်းကြပ်နေရာမှ တဖြေး​ဖြေး ပြေလျော့လာသည် ။ ဧကရာဇ်မောင်ရဲ့မျက်လုံးတွေက ရဲနေကာ မျက်ခုံးတွေက ကိုင်းညွှတ်ထားပြီး သူ့ကြည့်ရတာ စိတ်လွတ်နေသလိုပင် ။

မုဒြာ သူ့အရှေ့က ဧကရာဇ်မောင်ရဲ့ မိစ္ဆာတစ်ကောင်လို ကြမ်းတမ်းရက်စက်ပုံကို ပြန်မြင်ယောင်လာကာ သူ့လုပ်ရပ်တွေအတွက် နောင်တရမိသွားသည် ။  ဧကရာဇ်မောင်သာ အသိစိတ်မဲ့ပြီး သူ့အားဒေါသထွက်ကာ သတ်လိုက်လျှင် သူ့ရဲ့ရင်သွေးလေးကိုပါ ဆုံးရှုံးသွားလိမ့်မည် ။ ဒါကြောင့် ဧကရာဇ်မောင် သူ့အားလွှတ်ပေးလိုက်ချိန် အခွင့်ယူကာ ပြေးထွက်ဖို့ပြင်လိုက်သည် ။

ထိုအချိန်မှာပဲ သိပ်ကို ရက်စက်လှပါပြီဆိုတဲ့ ဧကရာဇ်မောင်ဟာ မုဒြာအရှေ့မှာ ဒူးထောက်ချလိုက်ပြီး မုဒြာရဲ့လက်ဖဝါးနုနုကိုဆုတ်ကိုင်လျှက် သူ့ရဲ့နှဖူးဖြင့်ထိကပ်လိုက်သည် ။ သူ့ပုံစံက သခင်ထွက်သွားမှာကိုကြောက်နေတဲ့ ခွေးတစ်ကောင်အလားပင် ။ မုဒြာပင်ကြောင်အမ်းသွားသည် ။

ပြီးနောက် ဧကရာဇ်မောင်ထံက စကားသံထွက်ပေါ်လာသည် ။

" မင်းငါ့ကို ကြိုက်သလောက်ရိုက်ပါ … ဒါ … ဒါပေမဲ့ … ထွက်သွားလို့တော့ မပြောပါနဲ့လား  "

မုဒြာက ချက်ချင်းပဲ သူ့ရဲ့လက်ကို ဆွဲထုတ်လိုက်ပေမဲ့ ဧကရာဇ်မောင်ကတင်းကြပ်စွာကိုင်ထား၍ မလွတ်မြောက်နိုင်ပေ ။ သူဟာ အသက်ဘေးအန္တရာယ်နဲ့ ကြုံလာခဲ့ပြီးပြီမို့ နောက်ထပ်မိုက်မဲစွာ ထိုလူထံမှာ အရှုံးနိမ့်မခံချင်တော့ပေ ။

ဒီလူအပေါ် သူ့စိတ်သူ့ခန္ဓာအားလုံးနဲ့ နှစ်တွေအကြာကြီး အရှုံးပေးလာခဲ့ပြီးပြီ ။ ဒီတစ်ကြိမ်တော့ သူ့ရဲ့ရင်သွေးလေးအတွက် သူအနိုင်ယူနိုင်မှဖြစ်မည် ။ ထပ်ပြီးရှုံးနိမ့်၍မဖြစ်တော့တာကြောင့် ဧကရာဇ်မောင်ရဲ့ လုပ်ရပ်တိုင်းအပေါ် အယုံအကြည်မဲ့ကာ ချက်ချင်းပဲ ငြင်းဆန်လိုက်သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now