Chapter - 29

4.2K 386 73
                                    

Unicode
~~~~~~~~

ပိုးသတ်ဆေးရနံ့တွေ မွှန်ထူနေတဲ့ အခန်းအတွင်း၌  ဧကရာဇ်မောင် နိုးထလာခဲ့သည် ။ သူ့ရဲ့မျက်ဝန်းတွေကို ဖွင့်လိုက်သည့်အခါ သူ့ရဲ့အရှေ့မှာ အကာအကွယ်မျိုးစုံဝတ်ဆင်ထားတဲ့ ဆရာဝန်များရှိနေပြီး သူ့အားစမ်းသပ်မှုပြုလုပ်နေတာကို တွေ့လိုက်ရသည် ။

ဧကရာဇ်မောင် ထဖို့ပြင်လိုက်ပေမဲ့ သူ့ရဲ့တစ်ကိုယ်လုံးက စက်ကိရိယာများဖြင့် ထိန်းချုပ်ခံထားရ၍ လှုပ်လို့ပင်မရချေ ။ သူ့ရဲ့လက်နဲ့ခြေထောက်က အသေကောင်ပမာ ဖြောင့်တန်းနေကာ ဖိနှိပ်ခံထားရသည် ။

" ငါ့ကိုလွှတ်ပေး "

ဧကရာဇ်မောင်ရဲ့ ဒေါသတကြီးအော်လိုက်သည့်အသံက ဆရာဝန်တွေကို ထိတ်လန့်သွားစေကာ အားလုံးက ပြာပြာသလဲအပြင်သို့ ပြေးထွက်ကုန်ကြသည် ။ ခနနေတော့ ယံယံက ဦးဆောင်ကာ ပြန်ဝင်လာကြသည် ။

" ဧကရာဇ်မောင် မလှုပ်နဲ့ဦး … မင်းကိုယ်မှာ ထိန်းချုပ်ကိရိယာတွေ တပ်ထားတယ် "

ထိုအခါမှ ဧကရာဇ်မောင်က ငြိမ်ကျသွားကာ သူ့အာရုံထဲ၌လဲ အဖြစ်အပျက်တွေအားလုံး ရှင်းလင်းစွာပေါ်လာသည် ။

သူမုဒြာကို ငိုယိုပြီးတောင်းပန်နေပေမဲ့ မုဒြာက သူ့ကိုထားခဲ့ဖို့ကိုသာ ရွေးချယ်လိုက်သည် ။ ထိုစဉ် လင်းရှိန်ရောက်လာကာ ဘာမှမဖြစ်သေးတဲ့သူတို့ကိုတွေ့သွားပြီး ဒေါသထွက်ကာ သူ့တပည့်တွေကို ကြာပွတ်ဖြင့်ရိုက်နှက်စေသည် ။

ဧကရာဇ်မောင်လဲ မုဒြာကိုပွေ့ဖက်ထားလျှက် ကြာပွတ်ရဲ့ရိုက်ချက်တွေကို သူ့ရဲ့ကျောဖြင့် ခံထားလိုက်သည် ။ ပြီးနောက်သူတို့ ၂ ယောက်လဲကျသွားကာ သူလဲပဲမေ့မြောသွားခဲ့သည် ။ ယံယံလဲဒီမှာရှိနေတော့ သူ့တို့ ကယ်တင်ခံရပြီး ငရဲလိုနေရာကနေ လွတ်မြောက်လာမှန်း သိသွားသည် ။

ဧကရာဇ်မောင်နဲ့ကုမုဒြာကို အရေးပေါ်ခေါ်လာရ၍ ယံယံရဲ့ဆေးရုံခေါ်ထိမသွားတော့ပဲ အနီးနားကဆေးရုံတစ်ခုမှာပဲ စစ်ဆေးနေခြင်းဖြစ်သည် ။ ဧကရာဇ်မောင်က ယံယံရဲ့လူနာဖြစ်တာကြောင့် ယံယံကိုယ်တိုင်ရောက်လာကာ ကြည့်ရှူးပေးနေခြင်းပင် ။ ကျောပြင်က ကြာပွတ်ရာတွေကို ဆေးထည်းပေးပြီးနောက် စိတ်အခြေအနေကိုစစ်ဆေးဖို့ပြင်နေကြခြင်းဖြစ်သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now