Chapter - 30

4.3K 380 73
                                    

Unicode
~~~~~~~~

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြားကနေ ခက်ခက်ခဲခဲ လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ အရင်တုန်းကတည်ရှိနေခဲ့တဲ့ ခံစားချက်တွေက အစိတ်စိတ်အမွှာမွှာကွဲကျေကာ အရင်လိုပြန်ပြီး ဖြစ်မလာနိုင်တော့ပေ ။

ကုမုဒြာဆိုတဲ့ပန်းလေးက မိခင်ရဲ့အပြုံးတွေနဲ့အတူ ရှင်သန်လာပြီး မိခင်အပြုံးတွေ ပျောက်ကွယ်သွားချိန်မှာ မိခင်ပေးခဲ့တဲ့ ခွေးလေးကိုအဖော်ပြုရင်း ဘယ်တော့များ မိခင်လာခေါ်မလဲ စောင့်နေမိခဲ့သည် ။ သူ့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ခွေးလေးဟာလဲ ရုတ်တရပ်ပျောက်ကွယ်သွားကာ သူ့ထံမိခင်ပြန်လာဖို့အတွက် လမ်းစမရှိတော့ဘူးဟု ထင်မိလာသည် ။

ရုတ်တရပ် သူ့လိုမျိုး အဖော်မဲ့ကာအထီးကျန်နေတဲ့ လူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ့အနားမှာ ရှိနေစေဖို့ ချုပ်နှောင်ခဲ့မိသည် ။ သူငတ်မွတ်နေခဲ့တဲ့ မေတ္တာတရားကို ထိုလူသားလေးထံကနေရရှိဖို့မျှော်လင်နေခဲ့ပေမဲ့ ထိုအရာက သူ့အပေါ်နွေးထွေးမှုမပေးတဲ့အပြင် အမြဲနာကျင်စေကာ အဆုံးမှာပြစ်ပယ်ခံလိုက်ရပြန်သည် ။

အဲ့ဒိနောက် ကုမုဒြာရဲ့စိတ်နှလုံးအိမ်ထဲမှာ ဒါဏ်ရာဖြစ်ပေါ်လာခဲ့ပြီး ဘယ်အရာကိုမှ သူ့အပေါ်နူးညံ့လာဖို့ မျှော်လင့်ချက်မထားတော့ပဲ သူ့ဘဝရဲ့အမှားတွေကို ပြန်သုံးသပ်မိလာသည် ။

ကုမုဒြာဟာ အရာအားလုံးကို လက်လွှတ်ဖို့ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ အနာဂတ်မှာ လူတွေမက်မောနေကြတဲ့ သူပိုင်ဆိုင်သည့်စည်းစိမ်ကြွယ်ဝချမ်းသာမှုတွေကို စွန့်လွှတ်ပြီး သူ့အပေါ်နွေးထွေးမှုအစစ်အမှန်ပေးနိုင်မဲ့ သူ့ရဲ့တစ်ဦးတည်းသောရင်သွေးလေးနဲ့အတူ သာမန်ဘဝလေးမှာသာ ရှင်သန်ဖို့ တွေးထားပြီးလေပြီ ။

ကုမုဒြာအိမ်မက်ဆိုးကြီးကနေ နိုးထလာချိန်မှာတော့ သူ့ရဲ့အမြင်အာရုံထဲ၌ အဖြူရောင်မျက်နှာကြပ်က စည်းကြိုနေသည် ။ အိမ်မက်ထဲမှာ သေပြီထင်ထားတဲ့ သူ့ရဲ့ဖခင်ဆိုသူက ပေါ်လာပြီးဒါဏ်ရာတွေပေးသည့်အပြင် သူသိပ်ကိုမုန်းတီးနေတဲ့အမျိုးသမီးက မောင့်ကိုလုယူသွားခဲ့သည် ။ သူ့ရဲ့နှလုံးသားထဲမှာလဲမောင်ဟာ အရင်တုန်းကလို ရှင်သန်မနေတော့သလို မောင့်ကိုဆုံးရှုံးရမှာကို နည်းနည်းလေးမှ ကြောက်ရွံ့ခြင်းမရှိတော့ပေ ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now