" အ့...ကိုကို...."
ကျွန်တော် နမ်း လိုက်လို့ နီရဲနေတဲ့ ပါးပြင်လေးကို ကိုင်ပြီး၊ ကျွန်တော်ကို မော့ကြည့်နေတဲ့ အံ့ဩခြင်းတွေနဲ့ ကလေးမျက်နှာ ။ ဒါ မင်းရဲ့ကိုကိုလေ! လို့ မော်ကြွားနေတဲ့ မျက်နှာပေးနဲ့ ခေါင်းဆက်ပြမိတယ်။ ဘေးက ရာဇာနှင့်တစ်ခြားဝိုင်းမှ စားသောက်နေသူတွေ ဘယ်လိုထင်မလဲ စိတ်မဝင်စားဘူး။ ကလေးရဲ့ စိတ်ထဲ ကိုကိုက သိပ်ချစ်တယ်ဆိုပြီး ယုံကြည်စေချင်တာ အပြုအမူကအစ သေချာပြင်ဆင်ပေးထားတာ။
"ဟား.. သိပါပြီကွာ..မင်းရဲ့ဆိုင်ရာပိုင်ရာတွေ ထုတ်ကြွားနေစရာမလိုပါဘူးဟ"
မင်း ဘာဖြစ်ချင်လဲ ရဲရင့်၊ ငါတို့အတိတ်က ပြသနာ ခုထိ မင်းမကျေနပ်သေးဘူးလား။ ကြာခဲ့ပြီ
ဆယ်ကျော်သက်အရွယ် ကလေးစိတ်နဲ့ မင်းရဲ့ကောင်လေးကို လုလိုက်သလိုဖြစ်ခဲ့မိတယ်။ ငါတကယ်ချစ်ခဲ့မိလို့ ၊ အဲ့ကောင်ငယ်ငယ်လေးကို မြတ်နိုးမိတာ ငါမှားလား။ သူကမင်းရဲ့ရည်စားမှန်း နောက်မှ ငါသိရတာ ငါတောင်းပန်ခဲ့တယ်။ သူငယ်ချင်း ရဲ့ ကောင်လေးကိုဘယ်တော့မှ လု ကြိုက်မှာမဟုတ်ဘူးလို့ ငါဆုံးဖြတ်ပြီးပြီ။ မင်းက အတ္တကြီးလှကြီးလား။ခုလည်း ဘာသဘောနဲ့ ငယ်ရွယ်တဲ့ကလေးငယ် ကို ငါနဲ့ပေးတွေ့ပေးတာလဲ။ မင်း ဘာကိုရည်ရွယ်သလဲ ငါသိတယ်။ ငါအကျန် ကောက်မစားဘူး ရဲရင့်။ ဒီကောင်ငယ်လေးကိုတော့ သနားတယ်။ ရဲရင့်က လူချမ်းသာပီပီ ဘာကိုမှ တန်ဖိုးမထားဘူး။ သူစိတ်ပျော်နေဖို့တစ်ခုပဲ ကြည့်တက်တာ၊ သူ့စိတ်ထဲမင်းကမလိုအပ်ဘူးဆိုရင် မင်းကိုအရင်ကောင်လေးတွေလိုပဲ လွင့်ပစ်ခံရမှာပဲ။ ရဲရင့်က သိပ်ကြောက်ဖို့ကောင်းတာ မင်းမသိဘူးလား ကောင်ငယ်လေးရာ။" အင်း..ငါ့ကလေးက မူန့်လုပ်တက်ချင်တယ်၊ ချက်ပြုတ်တက်ချင်တယ်တဲ့ ။ မင်းသင်ပေးလိုက်၊ ဘယ်သင်တန်းမှ ငါ စိတ်မချဘူး၊ ကလေးက ငယ်သေးတော့ ဘာတစ်ခုမှအမှားမခံနိုင်ဘူးလေ။ သိတယ်မဟုတ်လား ခုေခတ်က ပိုင်ရှင်ရှိနေတာတောင် ဖြတ်လုနေကြတာ အရမ်း Hot ဖြစ်နေတယ်။ အပြင်သင်တန်းမှာ အများနဲ့အတူတက်ခိုင်းမိလို့ တစ်ခုခုဖြစ်ရင် ငါရင်ကျိုးရချည့်ရဲ့...ဟား.."

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...