အပိုင်း (၂၀)

12.7K 524 0
                                    

"ဟုတ်ကိုကို ရေချိုးတော့လေ ကလေး ကိုကိုအတွက်အဝတ်ထုတ်ထားပေးမယ် "
"လိမ်မာတယ် ကလေး ပြွတ်"

"ဟာ..ရေမချိုးရသေးပဲ ...ကိုကိုညစ်ပတ်"
"ဟား....ပြွတ်စ်...ကဲကွာ အားရအောင်နမ်းအုံးမယ် ...လွမ်းနေတာ တစ်နေ့လုံး"

အရှက်သည်းတဲ့ကလေးက ကျွန်တော် ပေးတဲ့အနမ်းကို ဘယ်ညာ ယိမ်းရှောင်ရင် အခန်းထဲ ပတ်ပြေးနေလေရဲ့။ ကျွန်တော် condo တစ်ခုလုံး ကလေးနဲ့ကျွန်တော်ရဲ့ ရယ်သံတွေ၊ အကြင်နာပေးသံတွေ ပြည့်နက်စွာဖြင့် သည်ညနေခင်းလေးကိုအလှခြယ်သရင်း။

" ကလေး ..မေးစရာရှိတယ်"
"ဟုတ်ကဲ့ဗျ..."

အိပ်ယာမှာ laptop  တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့ ချစ်ရသူ၊  ကိုကိုအဝတ်တွေကို အခြောက်ခံသိမ်းဆည်း နေသော ကျွန်တော်ကို ပြောသောစကား! မေးစရာ ရှိတယ်တဲ့! ဘာအကြောင်းများလဲ။ စိုးထိတ်ရင်ပူစွာ အိပ်ယာအစွန်း ခပ် ချုံ့ ချုံ့လေး ခုံပေါ်မှာ ထိုင်နေမိတယ်။

" ကလေးက မျိုးတူယောကျာ်းလေးတွေကို ပဲ စိတ်ဝင်စားတာလား"
"ဗျာ...."

"ကိုယ် က gay မဟုတ်ဘူး၊ ကလေးက gayလား"
"ဗျာ........"

အံ့ဩခြင်းများစွာဖြင့် ဆွံ့ အ မိတယ်။ မျိုးတူယောကျာ်းလေးမှ စိတ်ဝင်စားသလားတဲ့၊ မင်းက gay လားတဲ့။ ဟား......မေးရက်ပါဘိ ကိုကိုရာ.....ကျွန်တော် ချစ်မိသူက မျိုးတူယောကျာ်းလေး ကိုကို ဖြစ်နေလို့ ။ တခြားသော မျိုးတူ ယောကျာ်းလေးတွေကို လှည့်မကြည့်ဘူး ၊ မကြိုက်ဘူး။ ကျွန်တော် gay မဟုတ်ဘူး၊ ကိုကိုအတွက်ကြောင့်ကျွန်တော် gay တာ ၊ ကိုကို ဆိုတဲ့လူသားကို ချစ်ခဲ့မိလို့ ကျွန်တော် လိင်တူစိတ်ဝင်စားသူ ဖြစ်ခဲ့တာပါဗျာ....မေးရက်လိုက်တာဗျာ။ ကျွန်တော် ဘယ် ယောကျာ်းလေးများ ငေးနေမိလို့လဲ၊ ဘယ်ယောကျာ်းလေး အပေါ်များ မြူစွယ်နေမိသလဲ။ ကိုကို ကအမေးစကားဆိုပေမယ့်၊ ကျွန်တော်ရင်ကို ဓါးဖြင့် ခပ်နက်နက် ထိုးနေသလိုပဲ။ ခံစားမူက စူးနစ်နာကျင်နေတယ်ကိုကို။ လိင်စိတ်မှားယွင်းစွာ တိမ်းညွှတ်မူ ဆိုတာ ကိုကို နဲ့မှ၊ ကျွန်တော် နှလုံးသားလိုအင် တောင့်တချက်က ကိုကိုမှ၊ ကိုကို ဆိုတဲ့လူသားကြောင့် ကျွန်တော် gay မကလို့ ဘယ်လိုနာမည်တပ်အုံးမလဲ။ ဘယ်အမည် ဖြစ်နေပါစေ ..ကိုကိုဘေးနားနေရရင် ကျေနပ်ပါပြီကိုကိုရယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now