Chapter - 32

3.9K 325 32
                                    

Unicode
~~~~~~~~

အချစ်ရဆုံးသူကိုမေ့လိုက်ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ပြီးချိန်၌ ဘဝမှာအရေးကြီးဆုံးလူတစ်ယောက်ကိုပါ ထပ်မံဆုံးရှုံးလိုက်ရတဲ့ခံစားချက်က လေဟာနယ်ထဲလမ်းလျှောက်နေရသလို ဦးတည်ချက်မရှိ ခိုနားရာမဲ့ကာ နာကျင်မှုတို့နဲ့အတူ ကုမုဒြာ လဲပြိုသွားလေတော့သည် ။

ကုမုဒြာဟာ တစ်ညနဲ့တစ်ရက်တိတိမေ့မြောပြီးတဲ့နောက်မှာ သတိပြန်ရလာခဲ့သည် ။ မျက်လုံးတွေဖွင့်လိုက်တော့ ရင်းနီးတဲ့အခန်းတစ်ခုထဲမှာရှိနေပြီး ရင်းနီးတဲ့အငွှေ့အသက်တွေကိုပါ ရနေသည် ။ အခန်းကသန့်ရှင်းသပ်ရပ်ကာ အားလုံးကိုအဖြူရောင်များဖြင့်သာ အလှဆင်ထားသည် ။

ပြတင်းပေါက်ကနေတဆင့် ကောင်းကင်ကြီးကိုကြည့်လိုက်တော့ မနက်ခင်းရဲ့ရောင်ခြည်က ပြတင်းပေါက်ကနေတဆင့် အခန်းထဲသို့ တိုးဝင်နေသည် ။ ဒီမနက်ခင်းရဲ့ နိုးထချင်းက နာကျင်မှုတွေကင်းဝေးပြီး ဘဝသစ်ကိုစတင်ဖို့အတွက် အကောင်းဆုံးအချိန်အခါဖြစ်ဖို့ မုဒြာမျှော်လင့်မိသည် ။

ဘေးနားကစားပွဲပေါ်ကြည့်လိုက်တော့ သူနဲ့မောင်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးတင်ထားတာကိုတွေ့သွားပြီး ဒီနေရာက မောင့်ရဲ့အခန်းမှန်း သိသွားသည် ။ ဒါပေမဲ့  ရန်ကုန်ကအိမ်တော်နှင့်တော့မတူနေပေ ။ အရင်းကလို ကားလမ်းပေါ်ကနေ ဆူညံနေတဲ့ကားသံတွေ မကြားရတော့ပဲ တိတ်ဆိတ်နေကာ ကျေးငှက်တို့ရဲ့ သာယာစွာအော်ညည်းသံတွေကိုကြားနေရသည် ။

အရင်ကဒီနေရာမှာ တစ်ယောက်ထည်းအထီးကျန်စွာ နိုးထလာခဲ့ရတဲ့ မနက်ခင်းတိုင်းကို ပြန်သတိရလာပြီး မုဒြာစိတ်ပျက်စွာ ရေရွတ်လိုက်သည် ။

" ငါဒီကို ဘယ်လိုရောက်နေတာလဲ … ကျစ် "

ရုတ်တရပ်ထဖို့ပြင်လိုက်တော့ ထိုးကိုက်လာတဲ့ခေါင်းကြောင့် မု​ဒြာနားထင်ကို လက်ဖြင့်ဖိနှိပ်လိုက်လိုက်သည် ။ ကိုယ်ပေါ်ကစောင်တွေကိုဖယ်ရှားကာ ကုတင်ပေါ်ကနေဆင်းဖို့ပြင်တော့ သူ့ရဲ့ညာဘက်ခြေထောက်၌ ခြေပတ်တစ်ခုဝတ်ဆင်ထားပြီး ရှည်လျှားတဲ့သံကြိုးကို ကုတင်ခြေတိုင်ဖြင့်တွဲကာ ချည်နှောင်ခံထားရတာကိုတွေ့သွားပြီး ဧကရာဇ်အား အော်ခေါ်လိုက်တော့သည် ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now