အပြင်မှ ယာမကာအနည်းငယ်သောက်မိတဲ့အရှိန်ကြောင့်လား ၊ ကလေးငယ်မစောင့်ပါစေနဲ့လို့ အတွေးထဲ ဆုတောင်းမိရင်း ရီဝေစွာဖြင့် တံခါးဖွင့် ဝင်မိတယ်။ မှောင်မဲနေသော အခန်းထဲဝယ် ဆူညံ့သံကနတ္တိ ၊ကလေးငယ် အိပ်နေရော့သလား။ အခန်းတွင်းအား အလင်းရောင် ပေးရန် ခလုပ်ကိုအဖွင့် ၊ ဧည့်ခန်းဆိုဖာပေါ်မှာ ငုပ်တုပ်လေးထိုင်ရင်း ကျွန်တော်ကို ကြည့်နေပါသော ကလေးငယ်။ ငိုနေတာလား မကွဲပြား ၊ အသံတိတ်မျက်ရည်ကျရင်း အားကိုးတကြီး ကျွန်တော်ကို ကြည့်နေတယ် ဘာစကားမှတော့ထွက်မလာ။"ကိုကို.."
" sorry ကလေး..ကိုကို အလုပ်ကိစ္စရှိလို့ နောက်ကျတာ ၊ ဒါနဲ့ ကလေး မအိပ်သေးဘူးလား အေ့..sorry ကလေး"
" ကျွန်တော် ကိုကို ကို့ စောင့်နေတာ ..ကိုကို အလုပ်အရမ်းများနေလားဟင် ..ကလေး ဘာကူညီပေးရမလဲ၊ ညစာ စားဖို့...ကျွန်တော် ပြင်လိုက်ရမလား ၊ ကိုကို နားအုံးမလား"
"ဘာ ...ခု ဘယ်ချိန်ရှိပြီလဲ ...ဟင်"
အံ့ဩစွာ မေးရင်း ကလေးငယ်ထိုင်နေသည့် ဆိုဖာခုံပေါ် အတူထိုင်မိသည်။ ကလေးက ငါကို စောင့်နေတာဆို....ည..ညစာ.မစားရသေးတဲ့သဘောလား။ မဟုတ်ဘူး မဟုတ်လားဟင်။ သောက်ထားမိတဲ့ ယာမကာအရှိန်တောင် ဘယ်ဆီရောက်မှန်းမသိ၊ ကိုယ်ကိုအစာအငတ်ခံစောင့်နေတာမျိုး မလိုချင်တာအမှန်။
"၁၁ ခွဲ ကိုကို...ကလေး..ဗိုက်ဆာလှပြီ..ကိုကိုနဲ့အတူ စားဖို့ စောင့်နေတာ "
"ဟာ..ငါ ပြောထားတယ်လေ မစောင့်နဲ့ နောက်ကြ မယ်လို့ ဘာလို့စောင့်နေလဲ ဟင်..ဟာကွာ..တောက်စ်"
"ဗျာ..."
" ဘာလို့မစားဘဲ ထိုင်စောင့်နေတာလဲ ဟင် အချိန်ကိုကြည့်အုံး မင်းရူးနေလား ဟင် "
"ဗျာ...ကိုကို..စောင့်..."
"နောက်မစောင့်နဲ့ စားစရာရှိတာ စား..ခု သွားစား သွား.."
ကိုယ်ကို စောင့်နေသတဲ့လားကွာ။ ဒီအချိန်ထိ ဘာမှမစားရသေးဘဲ ..စောင့်နေသတဲ့လားကလေးရာ...။ ဟာကွာ..ကလေးရာ။ မင်းကို မချစ်နိုင်ပေမယ့် မင်းကိုမထိခိုက်စေချင်ဘူး ။ မင်းရဲ့နာကျင်ခြင်းက ငါကပေးတဲ့ သောက ကလွဲ မင်းကိုယ်ခန္ဓာမှာ ထိခိုက်မူ အနည်းတောင်မရှိစေချင်ဘူး။ ကိုယ် မင်းကို ခင်တွယ်နေပြီ၊ အမြစ်မတွယ်ခင် ကိုယ်ဖြတ်နိုင်ရမယ်။ မင်းရဲ့အထိအတွေ့မှာ ပျော်ဝင်နေပြီ၊ ဒါပေ့မယ် ကိုယ်ရုန်းနိုင်ရမယ်။ ကိုယ် Jack လို မရူံးချင်ဘူး၊ ဟင်အင်း ကိုယ့်အတ္တကလဲ ဖြစ်ခွင့်မပေးဘူး ။ ဒီအခြေအနေရောက်မှတော့ ကိုယ် အစီအစဉ် နောက်မဆုတ်နိုင်တော့ဘူး ကလေးငယ်။ ကိုယ် တွေဝေခြင်းကို လှည့်စားခြင်းဖြင့် အနိုင်တိုက်မယ်၊ မင်းမျက်ရည်ကျဖို့ ကိုယ် Drama က,ကွက်ရွေး က,ရအုံးမယ်။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...