အပိုင်း (၃၂)

15.2K 771 28
                                    

တခါတလေ လောကကြီးက သိပ်ကြောက်စရာကောင်းတဲ့ ပြက်လုံးတစ်ခုသဖွယ် ပြက်လုံးမှန်းသိပါရက်နှင့် မရယ်ဝင့်ဘူး။ ဖြစ်ချင်ရာတွေကို ဖြစ်အောင်လုပ်ကြရင်း လွဲမှားတဲ့အတ္တ၊မာန ၊ လောဘတွေ နှင့်သူတစ်ပါးကို အနိုင်ယူနေကြရင်း ကိုယ်တိုင်ရူံးနေကြရပြန်သည်။ ကိုယ်သာ
လျှင်အမှန်တရားကို ဆုပ်ကိုင်ပြီး ဟစ်ကြွေးနေသော်လည်း ကိုယ်သာလျှင် လွဲမှားနေပါ့လားလို့သိခွင့်ရတဲ့အချိန်က နောက်ကျနေပြီမို့ ဘယ်အရာတွေသာ ပိုင်ဆိုင်ခွင့်ရခဲ့သလဲ။ ကိုယ်သာလျှင် အမှန်၊ ကိုယ်လုပ်တိုင်းအမှန်ဟု ဆိုနေသော်လည်း ကြောက်စရာကောင်းတဲ့ လောကကြီးက ကွယ်ရာကနေ ဟားတိုက်လို့ ကျွန်တော့်ကိုလှောင်ရယ်နေသည်။ မင်းရူးနေလား မင်းပိုင်ဆိုင်တဲ့အရာတွေကြောင့် မင်း ပြန်လည်နာကျင်ရလိမ့်မယ်လို့ ပြန် , ပြန်ပြောနေသည့်လား ကျွန်တော်ကို ခံရခက်စွာ အရပ်ရှစ်မျက်နှာကနေ ကြောက်စရာအမှန်တရား တချို့က တစ်ကွက်ပြီး တစ်ကွက် မှန်ပြင်ပေါ်, ပေါ်ထွက်လာနေခဲ့သည်။ Memmoryထဲ သိမ်းထားသကဲ့သို့ ဖြူစင်သော၊ စစ်မှန်သော ချစ်ခြင်းမေတ္တာ တွေကို ကျွန်တော် နင်းချေခဲ့မိပြီ။ ဖြူစင်မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာကို လှည့်စားမိရင် ဆတူထက်ပိုသော နာကျင်မူများ ကြား အမှန်တရားဘက်တော်သားတွေ အလယ် ကျွန်တော် ကျဆုံးခြင်းက အတုံးအရုန်း။

မှန်ကန်ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေ ဆိုတာ ကစားစရာလှည့်ကွက် တစ်ခုမဟုတ်ခဲ့ပါဘူး။ သည်အရာတွေကို ကစားမိခဲ့သူက ကစားနေစဉ် အနိုင်ရသည်ဟုထင်မှတ်ရပေမယ့် ကစားပွဲပြီးရင် ပြုံးပျော်ခဲ့ရဖူးသည်ထက် အဆများစွာနာကျင်ရတဲ့ နောင်တကို တစ်သံသရာလုံး ပိုင်ဆိုင် ရလိမ့်မယ်

နောင်တဆိုတာ ပုပ်ပွသွားတဲ့အသီးပုပ်တစ်မျိုးပဲ။ ပြန်လည်ပြင်ဆင်ချိန်မရ၊ ပြန်လိုချင်တမ်းတနေချိန် ပြန်လည်ထွေးပွေ့ခွင့်မရနိုင်တော့သည့် ခံစားချက်။ လူတိုင်းအမှားမကင်းတဲ့လောကကြီးမှာ ကျွန်တော်သာလျှင် အမှားကို အမှားပြုလုပ်၍ ထပ်တလဲလဲ အမှားလုပ်ခဲ့မိသူဖြစ်လိမ့်မည်။ကိုယ်အပေါ် ဖြူစင်မှန်ကန်တဲ့ ကလေးငယ်မေတ္တာကို လှည့်စားမိသည်၊ ကစားမိခဲ့သည် ၊ လိမ်ညာ ရယူခဲ့မိသည်။ အထင်မှား၊ အမြင်မှား နှင့် အတ္တအမှားတွေ ဆက်တိုက်လုပ်မိခဲ့သော ကျွန်တော် ဘယ်မလဲ အနိုင်၊ ဘယ်မလဲ ရှာဖွေနေတဲ့တရားမျှတမူ ၊ ဘယ်မလဲ အမှန်တရား။ အတ္တစွဲမှားခြင်းက ပေးတဲ့ သင်ခန်းစာမှာ ကျွန်တော်သာ ရင်ကွဲပက်လက်နှင့် ကျွန်တော် သိပ်ချစ်ရပါတယ်ဆိုတဲ့ကျွန်တော့်ကလေးငယ်ကို အဝေးသို့ ကိုယ်တိုင်တွန်းပို့ခဲ့မိပြီ။ ပြန်ပြင်မရတော့သည့်အမှားကို အတ္တအမှား၊ အစွဲမှားသော မာန်မာနကိုရှေ့တန်းတင်၍ ဆုံးဖြတ်ချက်မှားခဲ့သောကြောင့် ကျွန်တော်သာလျှင် သည်လောကမှာအမိုက်ဆုံး။

ချစ်ခြင်းတို့အလွန် Where stories live. Discover now