Part-1

3.3K 177 12
                                    

အညာဒေသ၏နွေကိုကားငြီးငြူ၍ပင်မဆုံးနိုင်ပါ...မည်မျှပင်ပူပြင်းနေကာမူ 'ပုလွေဝေးရွာ' မှရွာသူရွာသားများတော့ဝမ်းရေးအတွက်ရုန်းကန်ရစမြဲပင်...

"ဗျို့...ကိုကြီးတုမောင်...ထမင်းစားမနားသေးဘူးလားဗျ"

ဖိုးလုံး၏အမေးအားဘူးခင်းထဲပေါက်တူးတလက်၊ချွေးတလုံးလုံးဖြင့်အလုပ်ရှုပ်နေသောအသားအရေခပ်လတ်လတ်ခန္ဓာကိုယ်အချိုးအစားခပ်ကောင်းကောင်း၊အရပ်မြင့်မြင့်နှင့်ရွာ၏လုံမပျိုတို့အသဲဆွဲ ဥတုမောင် တယောက် မကြားနိုင်ပါ။

"ဗျို့ ကိုကြီးတုမောင်"

ဖိုးလုံးနောက်တကြိမ်အသံမြင့်ကာပြန်ခေါ်ကာမှ

"ဝေး...."

နဖူးမှတစက်စက်ကျနေသောချွေးကိုလက်ဖမိုးဖြင့်ဖိသုတ်ကာပြန်ထူးလာသောဥတုမောင်...

"ထမင်းစားမနားသေးဘူးလားလို့လှမ်းမေးတာဗျ"

"မနားသေးဘူး။ငါ...အဝေးပြေးလမ်းနားကအခင်းထဲသွားကြည့်အုန်းမှာ"

"ကျွန်တော်တို့တော့နားပြီ....ကိုကြီးအလုပ်သရဲရေ..."

ဖိုးလုံး၏ရွန့်နောက်နောက်စကားအားတုမောင်တယောက်အပြစ်တော့မမြင်ခဲ့ပေ။အလုပ်သရဲ...အမှန်ပင်ဤအသုံးအနှုန်းကသူ့ကဲ့သို့တစ်ကိုယ်တည်းသမားအတွက်ကိုက်ညီမှုရှိရိုးပါ...သူ့အားမှီခိုနေသူသာမရှိတာတုမောင်တို့ကအလုပ်ကြိုးစားမြဲ။

အဝေးပြေးကပ်ရပ်တွင်ရှိသောအခင်းထဲတွင်တုမောင်တယောက်ဟိုရှင်းဒီရှင်းဖြင့်ချုံအနည်းငယ်ထူနေသောနေရာအရောက်...

"ဟင်!!!!!"

လူ...လူတယောက်...အတိအကျဆိုဆံပင်ရှည်ရှည်နဲ့မိန်းကလေးတယောက်...

တုမောင်တယောက်ထိုမိန်းကလေးနားသွားသင့်မသွားသင့်ကိုအတန်ကြာစဉ်းစားပြီးနောက်...သူ့လိုအရာရာမှာကူညီချင်တဲ့သူအနေနဲ့မိန်းကလေးတယောက်ထဲချုံကြားထဲလှဲနေသည်ကိုမြင်လျက်မျက်နှာလွှဲခဲပစ်တော့မလုပ်နိုင်ပေါင်။

"ဟေး...ဒီကအမ...ဟေး.."
တုမောင်တယောက်ညအိပ်စပန့်အဝါနုရောင်ဝမ်းဆက်ဖြင့်ကောင်မလေးကိုမည်မျှပင်လှုပ်ရမ်းခေါ်နေစေကာမူမနိုးပေါင်..

ရုန်းခတ်ယောင်းWhere stories live. Discover now