Part-22

766 70 10
                                    

ရန်ကုန်မြို့ကားကြီးကွင်းထဲတုမောင်အတော်ကြာအောင်ရပ်နေမိသည်....ရွာကိုလုပ်အားပေးလာမဲ့ဆရာမလေးကိုလာစောင့်ကြိုခြင်း.....ရွာကထွက်လာတုန်းကတော့တစ်ကိုယ်ရည်တကာရလာခဲ့ပေမဲ့အပြန်တွင်တော့တုမောင်ဝယ်လာသည့်ပစ္စည်းများကမနည်းမနှော.....

"ဟို...ဒီက..."

မိန်းကလေးတယောက်....အသေအချာပြောရရင်...ပါတိတ်ဝမ်းစက်ကိုသေသေသပ်သပ်လေးဝတ်ထားပြီးခါးထိရှိတဲ့ဆံနွယ်တွေကိုတဝက်မျှသာစည်းထားတဲ့......ရိုးရိုးလေးနဲ့ကြည့်လို့ကောင်းသောမိန်းကလေးတေယာက်......

တုမောင်တယောက်ကိုယ့်ရှေ့လာပြီး....လာစူးစမ်းနေတဲ့မိိန်းကလေးကြောင့်....

"ကျုပ်ကပုလွေဝေးရွာသူကြီးလွှတ်လိုက်တဲ့....တုမောင်ပါဗျ....နို့ဒီကအမကကျုပ်တို့ရွာကိုလုပ်အားပေးလာတဲ့ဆရာမလေးလားဗျ...."

တုမောင်ပြောလိုက်တော့နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီး...

"ဟုတ်တယ်ရှင်....ကျွန်မနာမည်ကခရေဖြူပါ....ဟိုစောင့်ရတာကြာသွားလား...အားနာလိုက်တာ...ကားလမ်းတွေပိတ်နေလို့ရှင်..."

"နို့...ရပါတယ်....ကျုပ်ကစောင့်နေရမဲ့တာဝန်ရှိတဲ့သူဘဲဗျ....နို့...ကားထဲပစ္စည်းတွေထည့်ကြရအောင်ဗျ....."

ပြောပြောဆိုဆိုကိုယ်ဝယ်လာတဲ့ပစ္စည်းတွေကိုကားထဲနံပါတ်မှတ်ပြီးထည့်နေသောဥတုမောင်....

"နို့...ဆရာမလေးရဲ့ပစ္စည်းကဒါဘဲလားဗျ...."

"ဟုတ်ကဲ့..."

"အိတ်တလုံးထဲသေချာပြီနော်ဗျ....နောက်ပစ္စည်းတွေကျန်နေခဲ့ရင်ပြန်လာရမှာစိုးရိမ်လို့ဗျ....."

"ဒီတစ်အိတ်ဘဲရှင့်...ဒါနဲ့...ကိုတုမောင်...ပစ္စည်းတွေကများလိုက်တာနော်..."

"ဟုတ်သဗျ...ကျုပ်အိမ်အတွက်လိုအပ်တာတွေရောကျုပ်ရဲ့အနာဂတ်ကလေးအတွက်တခါတည်းဝယ်လာခဲ့တာဗျ...."

"ဪ...."

ဘာစကားမှမပြောဖြစ်တော့ဘဲကားစီးကာပုလွေဝေးရွာကိုသာခရီးနှင်ခဲ့ကြတော့တယ်....

———————————————————————

"ဟာ...ကိုကြီးရုန်းရာနို့....ဘာလို့ထမင်းအိုးတည်နေတာလဲဗျ....ကိုကြီးတုမောင်သိရင်တော့ဖြင့်ကျွန်တော်ဖိုးလုံးရဲ့ဘဝကမလွယ်ပေါင်ဗျာ....နေ...နေ..ကျွန်တော်လုပ်မယ်..."

ရုန်းခတ်ယောင်းWhere stories live. Discover now