Part-9

822 81 14
                                    

"ကိုယ်စိတ်နှစ်ဖြာချမ်းသာကြစေကုန်သတည်း...သာဓု...သာဓု...သာဓု....ဟင်...မောင်..မအိပ်သေးဘူးလား..."

ညပိပ်ဖို့ဘုရားရှိခိုးနေတုန်းဘေးမှာမှိန့်မှိန့်ကြီးထိုင်စောင့်ပြီယပ်ခတ်ပေးနေတဲ့မောင့်ကိုမေးလိုက်ခြင်း...

"မောင့်ယောင်းကိုခြင်ကိုက်မှာလွှတ်စိုးလို့"

"ဟီး...အဲတာများ..ခြင်ဆေးခွေမီးညှိထားပေးခဲ့ရင်ရတာကိုဗျာ"

"ခြင်ဆေးငွေ့တွေမရှူရပေါင်ဗျာ..ကျန်းမာရေးထိခိုက်စေသဗျ"

ယောင်းဘာမှပြန်မပြောတော့ဘဲမောင့်ကိုပြုံးပြုံလေးကြည့်နေမိတယ်။နေ့နေ့ညညလယ်ထဲဆင်းလေ့ရှိတဲ့မောင်ဟာယောင်းမောင့်ဆီရောက်လာပြီးကတည်းကတခါတလေမှလယ်ထဲဆင်းလေ့ရှိတယ်။များသောအားဖြင့်ယောင်းကိုဘဲအရိပ်တကြည့်ကြည့်။ရောက်စကနေမကောင်းလို့အရိပ်တကြည့်ကြည့်လုပ်နေတာဆိုပေမဲ့အခုတော့သူ့ချစ်သူမို့အရိပ်တကြည့်ကြည့်တဲ့။
လယ်ထဲဆင်းလေ့ရှိတဲ့နေ့တွေဆိုလည်းယောင်းကိုဆေးခန်းလိုက်ပို့ပြီးမှသွားတယ်။နေ့လယ်ဆိုအိမ်ပြန်ပြီးယောင်းအတွက်နေ့လယ်စာချက်ပြီးလာပို့ပေးတယ်။ညနေဆိုယောင်းဆေးခန်းမပိတ်ခင်အိမ်အမြန်ပြန်ရေမိုးချိုးပြီးယောင်းကိုလာကြိုပေးတယ်။ယောင်းအိမ်ရောက်ရင်ချိုးဖို့ရေအလုံအလောက်လည်းခပ်ထည့်ထားခဲ့ဖို့မမေ့တဲ့မောင်ဟာ...ညထိလည်းယောင်းကိုအရိပ်တကြည့်ကြည့်...

"ငြိမ်းချမ်းတယ်..."

"ဗျာ..."

မောင့်စကားကြောင့်ယောင်းမှာအယောင်ယောင်အနန

"ကျုပ်ချစ်သူကအခုလိုလေးဆံပင်ဖြန့်ချထားပြီးစိတ်လွှင့်ခြင်းမရှိဘဲဘုရားရှိခိုးနေတာလွှတ်ငြိမ်းချမ်းတယ်...ကျုပ်ဖြင့်ခများလေးရဲ့ဟောဒီဆံပင်တွေကိုမြတ်နိုးရိုးအမှန်ဗျ"

ပြောရင်းယောင်းကိုရင်ခွင်ထဲထည့်ကာယောင်း၏နက်မှောင်နေသောဆံနွယ်လေးများကိုဖွဖွလေးနမ်းရှိုက်နေသည်။

"မောင်..."

"ဗျ...ကျုပ်ရဲ့ယောင်းဘာပြောချင်လို့လဲဗျ..."

"မောင့်ကိုချစ်တယ်..."

"ဟင်...မကြားလိုက်ဘူးဗျ..ပြန်ပြောပါအုန်းဗျ.."

ရုန်းခတ်ယောင်းWhere stories live. Discover now