Part-4

1.1K 105 4
                                    

"ဟေ့....မောင်ကောင်းတို့အုပ်စုဒီဘက်ကဝါးလုံးတွေဟိုဘက်ကိုပို့"

ရွာလယ်ကမြေကွက်အသေးစားတွင်ရုန်းခတ်ယောင်းထိုင်ဖို့ဆေးပေးခန်းဆောက်လုပ်နေခြင်း...။တရွာလုံးသက်ညီလက်ညီကြိုးစားဆောက်လုပ်နေခြင်းကရုန်းအတွက်ကြည်နူးစရာအတိ။

"သူကြီး..."

ရုန်းခေါ်လိုက်တော့ရွာသားတွေကိုအလုပ်ခိုင်းနေတဲ့သူကြီးက

"ဟေ..."

"ဟို...ကျွန်တော်ကြောင့်ပင်ပန်းနေရပြီ...."

"မဟုတ်တာကွာ...ရွာအတွက်ဘဲဆိုတော့ပင်ပန်းတယ်မမှတ်ပါဘူးကွာ.."

"ဟုတ်...ကျွန်တော့်ဘက်ကလဲဒီရွာအတွက်အကောင်းဆုံးကြိုးဟားပေးပါ့မယ်ဗျ.."

"အေးပါကွာ.."

———————————————————

"မောင်...."

ယောင်းခေါ်လိုက်တော့ကာလသားတွေနဲ့ပျဉ်ဖြတ်နေတဲ့မောင်က

"ဟာ...ယောင်း...ဘာကိစ္စကြောင့်ဒီနားလာခဲ့တာတုန်းဗျ...နေကပူနဲ့ပျဉ်မှုန်တွေကယားနဲ့တော့မဖြစ်သေးပါဘူး...သွား...ဟိုနားကညောင်ပင်အရိပ်အောက်မှာအေးအေးလူလူထိုင်နေပါဗျာ..."

"ဟို..."

"နို့....ဘာတုန်းဗျ...ပြောစရာရှိတာမြန်မြန်ပြောလေဗျာ...နို့ဘာလို့မြန်မြန်မပြောဘဲနေပူကြီးထဲရပ်နေတာတုန်းဗျ...."

"တော်ပြီမပြောတော့ဘူး"

ပြောပြီးယောင်းတယောက်ကာလသားတွေကြားကထွက်လာခဲ့တယ်...

ယောင်းတကယ်ဝမ်းနည်းပါတယ်...တုမောင်ပင်ပန်းမှာစိုးရိမ်လို့သာတုမောင်နဲ့အဖော်ပြုပေးဖို့သွားခဲ့ပေမဲ့ဟိုတယောက်ကတော့ယောင်းကိုစိတ်ဆိုးပြီးသူ့သူငယ်ချင်းတွေကြားလူကိုပြောပေးတယ်။

"ဟေ့ကောင်တုမောင်...နို့...ဘာကြောင့်ရုန်းခတ်ကိုလွှတ်ပြောလိုက်တာတုန်းကွ"

"နို့...မင်းတို့မမြင်ကြဘူးလား...ယောင်းကနေပူကြီးထဲရပ်နေတာလေ...သူ့အသားတွေကဖွေးဖွေးလေးကွ။ကျုပ်ဖြင့်သူ့အသားတွေနေလောင်မခံနိုင်ပေါင်..."

ရုန်းခတ်ယောင်းWhere stories live. Discover now