Part-21

824 66 6
                                    

အခုဆိုကျွန်တော်မောင်နဲ့လက်ထပ်ပြီးတာနှစ်လရှိပြီ.....မောင်ဟာအရင်လိုလယ်ထဲကိုအချိန်တိုင်းမဆင်းတော့ဘဲနေ့စားနှစ်ယောက်ငှါးပြီးလွှဲထားခြင်း.....အချိန်ပြည့်လယ်ထဲမသွားတော့တဲ့အကြောင်းကကျွန်တော့်မှာကိုယ်ဝန်ရှိနေပြီမို့လို့တဲ့.....ဟုတ်ပါတယ်ကျွန်တော့်မှာကိုယ်ဝန်နှစ်ပတ်ရှိနေပြီဆိုတာသိလိုက်ရတုန်းကမောင့်ဘက်ကအရမ်းအံ့ဩသွာရပေမဲ့ကျွန်တော့်ဘက်ကတော့ကြိုသိနေတယ်လို့ဘဲပြောရမလား...မောင့်ဆီပြန်မလာခင်ကဘန်ကောက်သွားကပြီး.....သားအိမ်ထည့်ခဲ့တဲ့ကိုယ့်အကြောင်းကိုယ်ပြန်တွေးမိပြီးပြုံမိသေးတယ်.....ကိုယ်ဝန်ရှိနေပြီဆိုတာသိပြီးနောက်ပိုင်းမောင်ဟာကျွန်တော့်ကိုအရင်ကထက်အများကြီးပိုဂရုစိုက်လာသလို....အရင်လိုလဲအလိုမလိုက်တော့ပါဘူး....မောင်ပိုကတော့ကိုယ်ဝန်နှစ်ပတ်ကိုနှစ်နှစ်ထင်သလေးပါဘဲ.....

"ယောင်း...."

"ဗျာ..."

"ကျစ်...နို့....အဲတာဘာလုပ်နေတာလဲ...ခများလေးဗျာ...."

ပြောပြီး...ကျွန်တော်လှန်းနေတဲ့အဝတ်တွေကိုဆွဲလုသွားသောမောင်.....

"ဟာ...မောင်...ကျွန်တော်အဝတ်လှန်းနေတာလေ...."

"ယောင်းရာ....ဘာမှမလုပ်ဘဲထိုင်နေပါဆိုတာကို....ဘာလို့စကားနားမထောင်ချင်ရတာလဲဗျာ...."

"ဟို...တနေကုန်ထိုင်နေရတာပျင်းလို့ပါ....ပြီးတော့....နေပူတုန်းသိပ်မခြောက်သေးတဲ့အဝတ်တွေလှန်းရုံပါ...."

"နို့...ပျင်းရင်....မောင်တို့ကလေးလေးကိုစကားတွေပြောနေပါလားယောင်းရာ...သွား...အပေါ်မှာသွားထိုင်နေ.....လှေကားလည်းသေချာတက်.....ကျစ်...မဖြစ်သေးပါဘူး.....ခဏနေရိပ်တဲ့နေရာကစောင့်နေ...မောင်နဲ့အတူတက်မယ်....."

သူများအမြင်မှာမောင်အခုလိုတွေလုပ်နေတာပိုတယ်လို့မြင်ချင်မြင်ကြလိမ့်မယ်......ကျွန်တော့်အတွက်တော့မောင်ကစိုးရိမ်လွန်နေတာပါဗျာ.....မောင်ကျွန်တော့်အတွက်ဘယ်လောက်ထိတွေးပေးသလဲဆိုရင်...ကြမ်းခင်းက...ထရန်နဲ့မို့ကျွန်တော်နင်းရင်နာမှာစိုးတဲ့အတွက်မြို့တက်ပြီး....ဖော့ကော်ဇောတွေအပြေးဝယ်ပြီးတအိမ်လုံးအပြည့်ခင်းပေးခဲ့တဲ့မောင်ပါလေ.....တနေ့တနေ့ဒီမောင်ကိုအချစ်ပိုနေရတာလဲအလုပ်တလုပ်.....

ရုန်းခတ်ယောင်းWhere stories live. Discover now