Part-24

574 53 8
                                    

"ယောင်း...နားတော့လေဗျ....ဒီမှာ...နွားနို့လေးသောက်လိုက်ပါအုန်း...."

"အင်း...ခဏလေးပါမောင်....ဒီစာရင်းလေးစစ်ပြီးရင်ပြီးပြီ....."

တုမောင်တယောက်ဘာမှဆက်မပြောတော့ဘဲ....နွားနို့ခွက်လေးကိုစားပွဲပေါ်တင်ထားလိုက်သည်....ရန်ကုန်ကိုရောက်လာတာတပတ်မျှရှိပြီ.....ယောင်းကတော့ရောက်ပြီးနောက်တရက်ကတည်းကအလုပ်တွေပြန်လုပ်နေပြီ.....မာန်နဲ့စပ်တူဖွင့်ထားတဲ့စားသောက်ဆိုင်တွေအပြင်တစ်ကိုယ်တည်းထပ်ခွဲဖွင့်တဲ့စားသောက်ဆိုင်တွေအမျိုးသားcosmeticsအရောင်းဆိုင်တွေရဲ့စာရင်းတွေငွေအဝင်အထွက်တွေကိုသေချာထိုင်စစ်နေခြင်း...

ယောင်းရဲ့အလုပ်တွေနဲ့ပက်သတ်ရင်ကျွန်တော်ဘာမှမပြောနိုင်ရိုးအမှန်ဗျ.....နို့....ဝင်မကူနိုင်ရိုးလည်းအမှန်ပါ.....သို့ပေတိ....အခုလိုယောင်းတယောက်တည်းဦးစီးနေရတာမျိုးလည်းမကြိုက်ပေါင်ဗျာ.....

"မောင်....."

"ဟင်..."

"ဘာတွေတွေးနေတာလဲဗျ..."

"နို့...ယောင်းအလုပ်တွေမောင်ဝိုင်းမကူပေးနိုင်လို့တွေးနေတာပါဗျ...."

"အာ.....မောင်ရာ...ကျွန်တော်လည်းဘာမှထွေထွေထူးထူးလုပ်တာတော့မဟုတ်ပါဘူးဗျာ...."

"နို့.....မောင့်ဘက်ကယောင်းကိုဘာမှမကူနိုင်ဘူးလေဗျာ.....ဒီရောက်လာမှဘဲယောင်းကမောင့်ကိုအားမကိုးတော့တာမောင်ရိပ်မိသားဗျ.....သို့မောင်ကလည်းမောင်ပါဗျာ.....မောင်ကကားလမ်းမမောင်းတတ်ဘူးနို့.....လမ်းလည်းမကျွမ်းကျင်ပေါင်......"

"ခက်ပြီမောင်ရာ.......မောင်ကားမမောင်းတတ်လည်းကျွန်တော်မောင်းတတ်တယ်လေဗျာ.....ပြီးတော့ကျွန်တော်အတွင်းရေးမှူးတစ်ယောက်ခေါ်ဖို့လုပ်ပြီးသားပါဗျ....မောင်ကအေးဆေးနေပါဗျာ.....ကျွန်တော့်ကိုလည်းဂရုစိုက်ပေး...ဟီး...."

"ယောင်း...."

"ဗျာ....."

"မောင့်ကိုကားမောင်းသင်ပေးပါလားဗျ....."

"ဟင်....."

"နို့...ယောင်းသွားချင်တဲ့နေရာမောင်လိုက်ပို့ပေးချင်လို့ဗျ...."

ရုန်းခတ်ယောင်းWhere stories live. Discover now