Part-20

791 63 8
                                    

"ဟေ့...ငါ့တို့တုမောင်ကြီးတော့ရုတ်တရက်ကြီးစွန်သွားပြီဟ..."

"အေးကွ...ငါတို့လည်းမသိလိုက်ရပါလား...မင်းနဲ့ကိုရုန်းနဲ့ဘယ်တုန်းကရည်ငံသွားကြတာတုန်းကွ...ကိုရုန်းပြန်ရောက်တာတောင်မကြာသေးရိုးလေ..."

"မသိဆို...ဒို့ကောင်တုမောင်ကြီးကဘယ်သူ့ကိုမှမပြောပြဘူးဟ....ငါတောင်ရိပ်မိပြီးသိတာ....နို့...ဒီကောင်အဲ့တုန်းကကိုရုန်းကိုအလွမ်းနာကျနေတာကိုးဗျ...ဟားဟား..."

တယောက်တပေါက်ပြောနေတဲ့စကားတွေကြောင့်ယောင်းတော်တော်လေးရှက်နေမိပြီ....ဒါကိုရိပ်မိတဲ့တုမောင်က

"တော်ပြီ....နို့...ကျုပ်ယောင်းရှက်နေပြီ...."

"အေးပါကွာ....ငါတို့ကမင်းအစားကျေနပ်ပေးလို့....ဟား..ဟား....နို့...ကိုရုန်း....စိတ်မကွက်နဲ့ဗျ...နော့်...ကျွန်တော်တို့ကတုမောင်ကြီးကိုအားကျနေတာဗျ...."

"နို့...ဟေ့ကောင်တွေအားဘဲကျကွ....ငါ့လိုတော့ဂုဏ်ယူရမှာမဟုတ်ဘူး....နို့...ငါကကမ္ဘာမှာအလှဆုံးကောင်လေးကိုအပိုင်ရထားလို့....ဒီဘဝမှာတော့ငါကဂုဏ်အယူရဆုံးယောကျ်ားဘဲ..."

"အေးပါကွာ...နို့...အိမ်တိုင်းစေ့ပြီနော်...ပို့စရာအိမ်မကျန်တော့ဘူး...."

"အေးကျေးဇူးကွ....မင်းတို့ကူညီလို့ဘဲ...နို့ငါနဲ့ယောင်းနှစ်ယောက်ထဲဆိုဒီနေ့ပြီးအောင်ပို့ဖြစ်မှာမဟုတ်ဘူးကွ..."

"ရပါတယ်ကွာ...နို့...ကျန်နေတဲ့ဒံပေါက်ဗူးတွေဘယ်လိုလုပ်မှာလဲ..."

"မင်းတို့ယူသွားလိုက်တော့...ငါနဲ့ယောင်းတော့ပင်ပန်းနေလို့မစားနိုင်တော့ဘူး...."

"နို့..ကျေးဇူးငါ့ကောင်....နားလိုက်ကြအုန်း...ပြီးရင်တော့မင်္ဂလာဦးညလေးကိုပျော်ပျော်ရွင်ရွင်ဖြတ်သန်းကြပေါ့ကွ..."

"အေးပါကွာ..."

ဒီနေ့လေးမှာယောင်းတို့ရိုးရိုးရှင်းရှင်းလေးမင်္ဂလာဆောင်ခဲ့ကြတယ်...ဘာပွဲမှမလုပ်ပေမဲ့မနက်စောစောဘုန်းကြီးကျောင်းမှာဆွမ်းကပ်ပြီးတော့မာန်တို့ရဲ့အကူအညီနဲ့မြို့ကမှာထားတဲ့ဒံပေါက်တွေကိုတအိမ်၆ဗူးနှုန်းနဲ့တုမောင်သူငယ်ချင်းတွေကလိုက်ကူပြီးဝေပေးတယ်....လက်ထပ်စာချုပ်မှာလက်မှတ်ထိုးတာကိုတော့ရွာဦးဘုန်းကြီးကျောင်းကဆရာတော်နဲ့အပြီးအဆီး...အသိသက်သေအနေနဲ့မာန်နဲ့ကိုမျိုးကလက်မှတ်ဝင်ထိုးပေးတယ်..ဒါပါဘဲ....တနေကုန်တအိမ်ဝင်တအိမ်ထွက်လုပ်ထားရလို့အခုလိုညနေချိန်မှာယောင်းတော်တော်ပင်ပန်းနေပြီ....

ရုန်းခတ်ယောင်းWhere stories live. Discover now