Part-13

749 56 2
                                    

"ဟော...ကားသံကြားတယ်..မင်းသားပြန်လာတာထင်တယ်..."

ပြောနေတုန်းအိမ်ထဲဝင်လာတဲ့ယောင်း....

"ရုန်းခတ်ယောင်းဒီကိုလာအုန်းငါ့ဧည့်သည်တွေရောက်နေတယ်..."

စိတ်ပျက်စရာဘဲဗျာ.....

"ကျွန်တော်ပင်ပန်းလာလို့အဖေ....သွားနားတော့မယ်..."

"ဟေ့ကောင်...လာဆိုလာခဲ့.."

အဖေဟာသူ့သူငယ်ချင်းတွေရှေ့ငြင်းခံလိုက်ရလို့ထင်ပါရဲ့....မြင်မကောင်းအောင်...ဒေါသထွက်နေလိုက်တာ....

ယောင်းသူစိမ်းရှေ့စကားမများချင်တာမို့ခုံအလွတ်မှာဝင်ထိုက်လိုက်တယ်...ပုံမှန်ဘယ်သူ့ဧည့်သည်လာလာယောင်းကိုပွဲမထုတ်တဲ့အဖေကအခုတော့သူ့ဧည်သည်ရောက်နေလို့လာခဲ့ဆိုဘဲ...အဖေ့ဧည့်သည်တွေကိုအကဲခတ်ကြည့်လိုက်တော့အဖေနဲ့ရွယ်တူဦးလေးတယောက်နဲ့မိန်းမကြီးတယောက်...လင်မယားတွေထင်ပါရဲ့...ထောင့်စွန်းမှာထိုင်နေတဲ့သူကသူတို့သမီးဖြစ်ဖို့များတယ်...ပုံစံကတော့အခုခေတ်ခေတ်ဆန်တဲ့မိန်းကလေးတွေရဲ့ပုံစံဘဲ....

"ရုန်းခတ်ယောင်း...ဒါငါ့သူငယ်ချင်းရဲ့သမီးဝတ်ရည်နှင်းတဲ့...မင်းနဲ့ယူရမဲ့မိန်းကလေး...မင်းရဲ့သတို့သမီးဖြစ်လာမဲ့သူ..."

အဖေ့ရဲ့မိတ်ဆက်ပေးမှုကြောင့်ထင်တယ်တဖက်ကမိန်းကလေးရှက်ပြုံးလေးနဲ့....

"စိတ်မရှိပါနဲ့အဖေ...ကျွန်တော်လုံးဝလက်မခံနိုင်ပါဘူး..."

ယောင်းအတွက်တော့ဒီလိုကိစ္စမျိုးဆိုတာရှင်းနေအောင်ငြင်းထားမှ....

"ဟေ့ကောင်...မင်းဘယ်သူ့ခွင့်ပြုချက်နဲ့ငြင်းနေတာလဲ....သမီးဝတ်ရည်နှင်းကမင်းငြင်းရမဲ့အဆင့်ထဲကမဟုတ်ဘူး.....အထွေထွေရောဂါအထူးကုဆရာဝန်ကွ...မင်းလိုရိုးရိုးဆရာဝန်အနေနဲ့ဘာတွေငြင်းချင်နေတာလဲ...."

အဟက်!!!!ယောင်းကိုတောင်ဘယ်တုန်းကမှသားလို့မခေါ်တဲ့အဖေကဟိုမိန်းကလေးကိုတော့သမီးတဲ့...လောကကြီးကလည်း...

"ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ငြင်းတာမို့လို့ဘယ်သူ့ခွင့်ပြုချက်မှစောင့်နေမှာမဟုတ်ဘူးအဖေ....ကျွန်တော်ရိုးရိုးဆရာဝန်ဘွဲ့နဲ့ဘာကြောင့်ရပ်နေတာလဲဆိုတာအဖေကိုယ်တိုင်အသိဆုံးဖြစ်မှာပါ.....ပြီးတော့အထွေထွေအထူးကုဆိုတဲ့ဂုဏ်ကိုမက်ရင်ကိုကြီးနဲ့ပေးစားလိုက်ပါအဖေ....ဒီဘက်ကအန်ကယ်နဲ့အန်တီ့ကိုတော့အားနာပါတယ်..ကျွန်တော့်ဘက်ကရိုင်းသွားရင်တောင်းပန်ပါတယ်...ပြီးတော့ဒီဘက်ကအမဝတ်ရည်နှင်းကိုလဲတောင်းပန်ပါတယ်...ကျွန်တော်မိန်းကလေးတွေမကြိုက်ဘူးဗျ..."

ရုန်းခတ်ယောင်းWhere stories live. Discover now