Part-3

1.3K 108 6
                                    

"တုမောင်ရေ....တုမောင်"

ဝိုင်းရှေ့မှခေါ်သံကြောင့်ယောင်းတယောက်အိမ်ရှေ့သို့ထွက်လာခဲ့သည်။

အသားညိုညိုနှင့်ထဘီကိုဖွဖွလေးမကာလက်တဖက်မှချိုင့်ဖြင့်ဝိုင်းထဲဝင်လာသောမိန်းမပျိုလေးမှာမြင်သူတကာနှစ်ခါပြန်ကြည့်ရသောအလှနှင့်ယှဉ်နု...

"ဟို....မောင်ကအနောက်ထဲရောက်နေလို့ခဏစောင့်ပေးနော်ညီမ"

ယောင်းပြောလိုက်တော့

"ရပါတယ်...ဒါနဲ့..."

တဖက်ကမိန်းမပျိုလေးကယောင်းကိုအကဲခတ်လာသဖြင့်

"ဟို...ကျွန်တော်ကရုန်းခတ်ယောင်းပါဗျ"

"ဪ...."

စကားဝိုင်းလေးတိတ်ဆိတ်သွားချိန်..

"မောင်ရေ....အိမ်ရှေ့မှာဧည့်သည်လာတယ်..."

"ဟို...နုကဧည့်သည်မဟုတ်ပါဘူး"

ယောင်းရဲ့ဧည့်သည်ဟူသည့်အသုံးအနှုန်းကိုတဖက်မိန်းကလေးကသဘောမကျဟန်...

"အာ...တောင်းပန်ပါတယ်ဗျ...ကျွန်တော်ကဒီတိုင်း...ဟို..."

"ကျုပ်ရဲ့ယောင်းကတောင်းပန်စရာမလိုပါဘူးဗျ...."

"မောင်...."

ယောင်းဖြေရှင်းရန်အခက်တွေ့နေစဉ်ဝင်လာသူက
ဥတုမောင်...

"တုမောင်....ငါ..."

"ကျုပ်ရဲ့ယောင်းကဘာလို့တဖက်သားကိုမမှားဘဲတောင်းပန်နေတာတုန်းဗျ....ကျုပ်ဖြင့်မကြိုက်ပေါင်ဗျာ.....ယဉ်ကျေးမှုအရဧည့်သည်လို့သုံးနှုန်းတာဘဲဗျ....နို့...နောက်ဆိုခဏခဏမတောင်းပန်နဲ့ဗျ..."

ယဉ်နု၏စကားမဆုံးခင်ဖြတ်ပြောလာသောမောင့်စကားများ...တဖက်မိန်းကလေးကိုအားနာစရာ...

"ဟို...တုမောင်....ဒီမှာအမေကနင့်အိမ်ဧည်သည်ရောက်နေတယ်ဆိုလို့ဟင်းတွေလာပို့ခိုင်းလိုက်တယ်..."

"နို့...အရီးကိုကျေးဇူးတင်တယ်လို့ပြောပေး။နင်ခဏစောင့်ငါချိုင့်လှယ်လိုက်အုန်းမယ်..."

"ဟို...မောင်...ငါ...ငါလုပ်လိုက်မယ်.."

ပြောလည်းပြောရင်းတုမောင်လက်ထဲကချိုင့်ဆီလက်လှမ်းလာသောယောင်း...

ရုန်းခတ်ယောင်းWhere stories live. Discover now