Part-12

681 60 8
                                    

"မာန်...ငါပြန်တော့မယ်..."

"အေးအေး..ဪ..မနက်ဖြန်...ကိုမျိုးဇော်နဲ့တွေ့ဖို့ရှိတယ်နော်..."

"အင်း.."

ပြောပြီးကောင်တာကနေလှည့်ထွက်လာခဲ့တယ်...

အခုဆိုယောင်းဒီကိုပြန်ရောက်နေတာ၁လလောက်ရှိပြီ...ယောင်းပုံစံဟာလုံးဝပြောင်းလဲသွားခဲ့ပြီ။ဝတ်ပုံစားပုံကအစ...ဆံပင်ရှည်တွေကိုရိုးရိုးလေးစုချည်ထားပြီအမြဲတမ်းပုဆိုးနဲ့လူကြီးဆန်ဆန်ဝတ်နေခဲ့ပြီ....

အမြဲတမ်းအိမ်ထဲမှာဘဲလောင်ပိတ်ခံခဲ့ရတဲ့ယောင်းအတွက်အပြင်မှာကိုယ့်ကိုယ်ကိုရပ်တည်ရတာအရမ်းခက်ခဲတာအမှန်....ဒီကိုပြန်ရောက်ပြီး...ယောင်းရဲ့တဦးတည်းသောသူငယ်ချင်းဖြစ်တဲ့မာန်နဲ့အကျိူးတူပူးပေါင်းပြီးစားသောက်ဆိုင်တွေဖွင့်နိုင်ခဲ့တယ်...ယောင်းအဘိုးပေးခဲ့တဲ့အမွေတချို့ကိုအခုလိုမာန်နဲ့တွဲလုပ်တဲ့စားသောက်ဆိုင်တွေမှာရှယ်ယာထည့်ထားခဲ့တာ..

မာန်ဆိုတာအဖေနဲ့အကိုတို့ရဲ့စီးပွါးဖက်မာန်ကုမ္မဏီရဲ့တဦးတည်းသောသား...သူ့အနေနဲ့ဒီတိုင်းနေရင်တောင်သုံးမကုန်တဲ့အမွေတွေကိုပိုင်ထားတဲ့သူ...ယောင်းကိုအမြဲတမ်းနားလည်ပေးတဲ့သူ..ယောင်းသူ့ကိုပြန်ဆက်သွယ်တော့သူမှာကလေးတယောက်လိုပျော်နေသေးတာ...ယောင်းကိုယ်ပိုင်စီးပွါးရေးလုပ်တော့မယ်ဆိုတာသိတော့သူလည်းယောင်းနဲ့အတူကိုယ့်ခြေထောက်သူရပ်ဖို့အဆင်သင့်ဖြစ်နေတာ...

အရင်ဆုံးနှစ်ယောက်ပေါင်းပြီးစားသောက်ဆိုင်ကောင်းကောင်းလေးလေးဆိုင်ဆပ်တူဖွင့်ထားပြီး...အင်း...မနက်ဖြန်တော့မာန့်အသိကိုမျိုးဇော်နဲ့တိုင်ပင်ပြီး...ကားshowrooms ဘက်တိုးချဲ့ဖို့တွေ့ရအုန်းမယ်....

အခုလိုအလုပ်တွေများများလုပ်ထားမှအိမ်နဲ့တိုက်နိုင်မှာ...

"ရုန်းခတ်ယောင်း...ဒါဘယ်ကပြန်လာတာလဲ..."

အိမ်ထဲဝင်လိုက်တာနဲ့ဧည့်ခန်းထဲမိန့်မိန့်ကြီးထိုင်နေတဲ့ကိုကြီး...

"...."

"ရုန်းခတ်ယောင်း...ငါကြည့်နေတာအကောင်းမဟုတ်ဘူး...အပြင်မှာတစ်ကိုယ်တည်းစီးပွါးရေးထွက်လုပ်နေရအောင်အဖေနဲ့ငါကမင်းကိုအငတ်ထားနေတာလား...ဟမ်.."

ရုန်းခတ်ယောင်းWhere stories live. Discover now