Part-5

1K 87 4
                                    

"ကျွန်တော်ညမှချိုးမှာလို့"

"ယောင်းရာ....ခုချိုးလိုက်ပါ။ညနက်မှဆိုယောင်းဖြင့်အအေးမိနေမှာစိုးသဗျ"

"အာ...မောင်ရာ..ကျွန်တော်နေ့တိုင်းညမှချိုးနေတာကိုဗျာ..."

"ခါတိုင်းနဲ့မတူလို့ပါဗျ...ကျုပ်ရဲ့ယောင်းရ....အရင်နေ့တွေကခများလေးခေါင်းမှမလျှော်ဘဲကိုဗျာ...အခုကခေါင်းလျှော်ရမှာဆိုညနက်ရင်မကောင်းဘူးဗျ...ကျုပ်စကားနားထောင်ပါယောင်းရာ..."

"ခေါင်းမလျှော်သေးဘူးဒီနေ့"

"နို့...ဘယ်နေ့လျှော်မှာတုန်းဗျ..။ယောင်းခေါင်းမလျှော်တာဒီအိမ်ရောက်တဲ့နေ့ကတည်းကဗျ.."

တုမောင်၏စကားအဆုံးယောင်း၏မျက်စောင်းကဒိုင်းကနဲ....

"ဘာဖြစ်လဲအဲ့တော့....ညှပ်ပစ်မှာဒီဆံပင်တွေကို..."

"ညှပ်တော့မပစ်ပါနဲ့ဗျာ...ကျုပ်တန်ဖိုးထားတာမို့ဗျ...နို့...ဘာလို့ခေါင်းမလျှော်ချင်တာတုန်းဗျ...ဖြေရှင်းချက်လေးပေးပါအုန်းလားဗျ..."

"....."

"နို့...ပြောပါယောင်းရာ..."

"ဟို....ဟို...ည...ညမှလျှော်မယ်လေနော်..."

"ကျုပ်ဖြင့်အကြောင်းပြချက်ကိုမေးတာပါဗျ..."

"..."

"ရေကုန်မှာကြောက်လို့လားဗျ....ကျုပ်ခများလေးစိတ်ကြိုက်ချိုးလို့ရအောင်ရေဆွဲပေးပါ့မယ်ဗျ.."

"ဟို...မ...မဟုတ်ဘူး"

"နို့ဘာလို့လဲဗျ...ခေါင်းလျှော်ရမှာပျင်းလို့လားဗျ"

"မ...မဟုတ်ဘူး...ဟို...ရေ..ရေချိုးတဲ့နေရာကအကာမရှိတော့..."

မရဲတရဲပြောထွက်လာတဲ့ယောင်းစကားကြောင့်..

"နို့..ယောင်းကအကာမရှိလို့မချိုးတတ်တာလားဗျ..."

"မချိုးတတ်တာမဟုတ်ပါဘူး...ဟာလာဟင်းလင်းကြီးဖြစ်နေတော့....ရှက်...ရှက်စရာကြီးလေမောင်ရ...အဲဒါကြောင့်မှောင်တဲ့အချိန်မှချိုးမယ်လို့..."

ယောင်းရဲ့နေ့လယ်ခင်းရေမချိုးရခြင်းအကြောင်းကိုသိပါပြီ...

"နို့...မောင့်ကိုခဏစောင့်နော်..."

ပြောပြီးပုဆိုးတိုတိုဝတ်ကာအိမ်ပြင်ထွက်သွားသောမောင်ပါလေ...

ရုန်းခတ်ယောင်းWhere stories live. Discover now