Part-11

718 63 6
                                    

"ကြီးနု...ရုန်းခတ်ယောင်းကိုထမင်းလာစားဖို့သွားခေါ်ပေးပါ.."

ရိုးရောင်ရဲ့စကားအဆုံးရုန်းခတ်ယောင်းရှိရာရောက်လာသောကြီးနု...

*ဒေါက်...ဒေါက်*

"သားရုန်းခတ်...နောက်မှာထမင်းစားဖို့အကိုလေးတို့စောင့်နေတယ်..."

"ကျစ်.."

အခန်းရှေ့ကတံခါးခေါက်သံကြောင့်ယောင်းစုတ်သပ်ပြီး...

"မဆာသေးဘူးလို့ပြောပေးပါ..ကြီးနု..."

ယောင်းပြောလိုက်တော့ပြန်ဆင်းသွားပြီထင်ပါရဲ့..

အင်း....

(မောင်....အခုချိန်ဘာများလုပ်နေမလဲမောင်...ကျွန်တော်မောင့်ကိုလွမ်းလိုက်တာ...မောင်မရှိတော့ဘယ်အရာမှကျွန်တော့်အတွက်နေသားမကျဘူးဗျာ...)

မောင်ဟာတကယ်နေနိုင်တဲ့လူပါ....ကျွန်တော်ဒီကိုပြန်လာရမဲ့နေ့..အင်း...လွန်ခဲ့တဲ့သုံးရက်ကပေါ့...မောင်ဟာကျွန်တော့်ကိုအိမ်မပြန်ဖို့အကြည့်နဲ့တောင်မတားခဲ့ဘူး....ကျွန်တော့်ကိုအစစအရာရာဂရုစိုက်ဖို့တဖွဖွမှာတဲ့မောင်...သူမြတ်နိုးတဲ့ဆံပင်တွေကိုဘာအကြောင်းပြချက်နဲ့မှမညှပ်ပစ်ဖို့မှာတဲ့မောင်...သူ့ကိုအခွင့်ကြုံရင်လွမ်းပေးဖို့တောင်းဆိုတဲ့မောင်...သူလက်ထပ်ခွင့်တောင်းတုန်းကဝတ်ပေးခဲ့တဲ့လက်စွပ်နှစ်ကွင်းကိုလည်းလုံးဝမချွတ်ဖို့မှာတဲ့မောင်...ကျွန်တော်ပြန်လာရင်ရွာချောင်းကလေးဆီသေချာပေါက်ပြန်လိုက်ပို့မယ်လို့ကတိပေးခဲ့မောင်...သူ့ဆီသေချာပေါက်ပြန်လာဖို့မှာတဲ့မောင်က....သူစောင့်နေစရာမလိုအောင်ကျွန်တော့်ကိုမထွက်သွားဖို့တစ်ခွန်းမပြောခဲ့ဘူး...ကျွန်တော့်ဘက်ကမောင်မှာလိုက်တဲ့အရာတွေကိုတခုမကျန်လိုက်နာမှာမို့လို့ကျွန်တော့်ကိုစောင့်နေပါ....

ယောင်းတယောက်တုမောင်မှာလိုက်တဲ့အရာတွေကိုတွေးမိပြီးမရည်ရွယ်ဘဲမျက်ရည်တွေကျလာခဲ့တယ်...

လက်ကလက်စွပ်နှစ်ကွင်းကိုဖွဖွလေးထိကြည့်ပြီးယောင်းနှုတ်ကဖွင့်ဟာလာတဲ့စကားက....

(ကျွန်တော်သန်မာတော့မယ်...မောင်...ကျွန်တော်မောင့်ရှေ့မှာဘဲနူးညံ့တော့မယ်...အဘိုးကိုကျွန်တော်ပေးခဲ့တဲ့ကတိလည်းတည်ရအုန်းမယ်ဆိုတော့ကျွန်တော်ပြန်လာဖို့နည်းနည်းအချိန်ယူမယ်နော်...ဒါပေမဲ့မောင်စိတ်ချပါ...ကျွန်တော်မောင့်ဆီပြန်လာရင်အရင်ကယောင်းပုံစံနဲ့ပြန်လာခဲ့ပါ့မယ်....ချစ်တယ်မောင်...)

ရုန်းခတ်ယောင်းWhere stories live. Discover now