အပိုင်း(၃၄)

14.9K 812 79
                                    


*** လဲပြိုကျသွားသောနာကျင်ခံစားမူ၊ ပြိုလဲဖူးသောသူသာသိ၏ ***

" ဘာ...ဘယ်လို ထက်ပိုင်..မင်း ပြောစမ်းပါကွာ....မင်းပြောစမ်းပါ ...ငါကိုပြောစမ်းပါ"

"ဟုတ်တယ်...$ကောင်ရဲ့ ...ကောင်းပြည့်လေးက ကိုယ်ဝန်နဲ့ ၊ မင်းရဲ့ ကလေးကို လွယ်ထားရတယ်...ငါ မင်းကို သတ်ချင်တယ် သိလား..ခု မင်းမှန်တယ်ထင်နေတုန်းလား ၊ မင်းလုပ်တာ အမှန်ထင်နေတုန်းလား၊ မင်း အမြင်မှန်မရသေးဘူးလားဟ၊ မင်းမိသားစု ပြိုကွဲနေတာတောင် မင်း အသိတရားမဝင်သေးဘူးလား ၊ ငါ -ိုးတဲ့၊ မင်းမှန်တယ်...မဟုတ်လား ...ဟင် .."

ဖြန်း.....ဖြန်း.....

" ငါကို ရိုက်စမ်းပါ ...ငါကို တစ်ချက်လောက် ရိုက်စမ်းပါ ...ကိုလင်း....ထက်ပိုင်...ရိုက်စမ်းပါ...Jack....ငါကို အသိဝင်အောင်ရိုက်ပစ်လိုက်စမ်းပါ"

" တော်စမ်းပါကွာ...တော်ပါတော့ ...တော်ကြပါတော့ဟ ...ငါလဲ ရူးချင်နေပြီ...မြန်မာပြည်ကို ပြန်ကိုမလာချင်တော့တာ....ဟာ.....မား...မားမားရေ...သတိထားပါအုံးဗျာ..."

ဒီလိုအခြေအနေဆိုးတွေထဲမှာ ထက်ပိုင်ပြောသော စကားတွေကြောင့် မားမားနှင့်အတူ
ကျွန်တော်တို့တွေပါ အံ့ဩသင့်လျှက်ရှိနေသည်။ မထင်မှတ်သော အချိန်မှာ မထင်မှတ်သော စကားတွေကြောင့် နဂိုကတည်းက အသိလွတ်ချင်နေသော Jackson ၊ ခုတော့ သွပ်သွပ်ခါ အောင်ရူးဖို့ လုံလောက်ပြီ။ ရုတ်တရက် ကြားရသော သတင်းစကားတွေကြောင့် မားမားလည်း အသက်မရူနိုင်စွာ ရုတ်တရက် မေ့မျောခဲ့ရပြီ။ အကုန် ဒုခ ရောက်နေပါပြီဗျာ...ကျွန်တော်ရဲ့တူလေးလား ၊တူမလေး လားမသိတဲ့ ကလေးလေးကို လွယ်ထားရသော ညီလေးက ဘယ်ဆီမလဲ၊ Jackson ကလည်း သူ့အမှားကြောင့် ဆိုပြီး ကိုယ်ကိုကိုယ် ထိခိုက်နာကျင်စေအောင်လုပ်နေပြီ၊ အိမ်တော်မှာ ကျန်ရခဲ့တဲ့ အပါးလည်း ခုသတင်းတွေကြောင့် စိတ်ထိခိုက်နေရောပေါ့။

ဘယ်မှာ မှန်းမသိတဲ့ HANTHAR GROUP ရဲ့ မျိုးစက်က ခု ဘယ်ဆီမလဲ၊ ဘယ်နေရာ
ရောက်နေမလဲ အပါးလည်း ရှိသမျှ အတောင်ကို ဖြန့်ပြီး တစ်နိုင်ငံလုံး မြေလှန်ရှာနေရောမည်။အိမ်တော်ရဲ့ မျိုးစက်ကို သိပ်တောင့်တနေသော မားမား ကျန်းမာရေး ဆိုးဆိုးဝါးဝါး မထိခိုက်ဖို့ ဆုတောင်းရမှာပဲ။ ကျွန်တော်ခံစားချက် ကဘာလဲ မမေးပါနဲ့တော့ ၊ ခု ကျွန်တော် သန်မာမှရ
မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာ ချထားရသည်။ ပြိုလဲနေသော Jackson ၊ မျက်နှာတောင်မမြင်ရသေးသော မြေးငယ်အတွက် ပူပင်နေသော မားမား၊ HANTHAR GROUP ရဲ့လုပ်ငန်းအားလုံးကို လူယုံတွေများစွာဖြင့် အသက်ကြီးမှ ပြန်လည် ဦးစီးနေရပါသောအပါး ၊ သူတို့ရဲ့ရှေ့မှာ ကျွန်တော်က သန်မာနေမှ ရမယ်၊ ကျွန်တော် ခံစားချက်ကို လျစ်လျူရူပြီး ဒီလူ၃ ဦးကို ကျွန်တော်စောင့်ရှောက်ရမယ်။ ဘုရားသခင် ကယ်တော်မူပါ ၊ ဗုဒ္ဓမြတ်စွာ ဘုရားစောင်,မ ပါဘုရား၊ ပြုခဲ့သော အမှားတချို့ရှိခဲ့ပါလျှင် ဝဋ်ကြွေးတော်ပြေ ဘုရားမှာ ကောင်းမူကုသိုလ်ပြုပြီး တောင်းဆုပြုမယ်။ တပည့်တော်တို့မိသားစု ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမူဖြင့် ပြန်လည်ချေဖျက်ပါရစေဘုရား။ တပည့်တော်ကို ပိုမိုကောင်းမွန်သော အင်အားအပြည့် ခွန်အားသန်မာခြင်းတွေ ပေးတော်မူပါ၊ တပည့်တော်မိသားစု ကာကွယ်စောင့်ရှောက်ဖို့အတွက် တပည့်တော်ကို သနားငဲ့ညာပါဘုရား။

ချစ်ခြင်းတို့အလွန် Where stories live. Discover now