Please readers 👉 🙅♂️(ဆဲဆို ရိုင်းစိုင်းသောစကားလုံးကြမ်းများပါသောကြောင့် အသက်ပြည့်မှဖတ်စေချင်သည်)🙅♂️
*** ခက်ခဲသောအသက်ရူသံတွေက အချိန်နှောင်းသွားတဲ့နောင်တ,မည်လား***
"မောင်...တော်ပြီလေနော် ၊ ကိုယ်ကိုကြည့်ပါအုံး အဲလိုကြီး ငိုမနေပါနဲ့တော့မောင်ရယ် စိတ်ထိမ်းပါအုံးကွာ။ ကိုယ်တို့ ကောင်းပြည့်လေးကို ရှာရအုံးမယ်လေ မောင်ရ ၊ မောင်ကအဲလိုကြီး ကျေကွဲထိုင်ချနေတော့ ကိုယ်တို့ အချိန်ကုန်တာပေါ့ ကောင်းပြည့်လေးကိုရှာဖို့ နော် ...စိတ်ထိမ်းပါကွာ"
"အစ်....အစ်ကို...."
"ပြော...မောင်ပြော...ဘာလုပ်ချင်လဲ၊ ဘယ်ကစ ရှာကြမလဲ မောင်လုပ်ချင်တာ ကိုယ်က ဖြည့်ဆည်းပေးမှာပြောပါ "
"မ...မနက်ဖန်...ဟိုလူယုတ်မှာ...ဆီ သွားချင်တယ်...အစ်ကို.."
"မောင်...."
လုပ်ပါအစ်ကိုရယ်၊ ဒင်းကို သတ်ရမှာ မောင် နေထိုင်ရ သက်သာပါလိမ့်မယ်။ ငကောင်းက လေ မောင့်ညီလေးလည်းဟုတ်တယ်၊ မောင်သူငယ်ချင်းလည်းဟုတ်တယ်။ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာ အစ်ကိုရယ်၊ မောင်က ပြင်ပထွက်သွားမိလို့ သူဆင်းရဲဒုခ ကြုံနေရတာ မောင် ဘာမှမသိခဲ့ရဘူး။ သူကိုစိတ်မချလို့ တဖွဖွမှာခဲ့သော အဒေါ်မိုးဝေ စကားတွေ၊ မမ မောင်လေးကိုကာကွယ်ပေးပါလို့ ကတိတောင်းခဲ့ဖူးတဲ့ မမမိုးပြည့်စကားတွေ အတွက် မောင် လက်တုန့်ပြန်မှရမယ် အစ်ကိုရယ်။ မောင်ရင်ထဲ မွန်းကြပ်လှပြီ၊ ကိုယ်ပေးတဲ့ကတိကို မတည်နိုင်ဘဲ ပေးခဲ့မိလို့ မောင်နောင်တနဲ့ မနေချင်ဘူး မောင်လိပ်ပြာမလုံဘူး အစ်ကိုရယ်။ မောင်းတောင်းပန်ဆို တောင်းပန်ပါ့မယ်ဗျာ....အဲ့လူယုတ်မာကို သတ်ရမှကျေနပ်နိုင်မယ် အစ်ကိုရယ်။ ငကောင်းအတွက် ခံစားရလွန်းလို့ပါဗျာ။
"အစ်ကို..မောင်...ကို လိုက်ပို့ပေးပါ မောင်တောင်းဆိုပါတယ်"
"မောင်..စိတ်လက်မာန်ပါ မလုပ်ရဘူးနော်၊ မောင်ကိုလည်း မထိခိုက်စေချင်သလို ရဲရင့်ကလည်း ကိုယ့်သူငယ်ချင်းမို့မောင် စိတ်ထိမ်းရမယ်နော် "

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...