1

141 4 0
                                    



"အဲ့လောက်မှ စိတ်မရှည်ရင် ပြန်တော့ Daddy သမီးပြန်မလိုက်တော့ဘူး"

"......"

"သမီးက ပြန်မလိုက်ဘူးပြောနေလား ဒီလောက်ခဏလေးစောင့်ရမှာကို Daddy စိတ်မရှည်လို့ပြောနေတာ"

"...."

"ကိုယ့်ကားနဲ့ကိုယ် ပြန်တာပဲ ဘယ်အချိန်ရောက်ရောက်ပေါ့ ဂရုစိုက်ရမှာလား"

"....."

"အဲ့လောက်မှ စိတ်မရှည်ရင်လဲ လိုက်လာခဲ့လေ"

"...... "

"​စေတနာနဲ့ ဒယ်ဒီအိပ်ပါစေတော့ဆိုပြီး မနှိုးပဲ Taxi နဲ့ထွက်လာတာ"

".....​"

"​ခုမှမိုးလင်းတာလေ ထပ်သောက်နေပြန်ပြီလား ညကလဲ ညဥ့်နက်တဲ့အထိသောက်ထားတာ သမီးစိတ်ဆိုးတော့မှာနော်"

"....... "

လက်ထဲကဖုန်းလေး အိတ်ထဲပြန်ထည့်ပြီး နှုတ်ခမ်းက တစ်တောင်လောက်စူကာ အလိုမကျခြင်းများစွာဖြင့်.... ။

ဆယ်နှစ်လောက်ကွဲကွာနေခဲ့ပြီးမှ မပြောမဆို ပြန်လာပြီး သမီး Daddy နဲ့ ဝိုင်းမော်ကိုလိုက်ခဲ့တဲ့။ ခရီးရောက်မစိုက်ပြောလာတဲ့စကား.... ။

ဒယ်ဒီနဲ့ အမြဲလိုလို voice call ရော video call ပါပြောနေတာကြောင့် စိမ်းမနေ။ သွေးကရေထက်ပြစ်တယ်မဟုတ်လား။

ဒယ်ဒီနဲ့ ပါပါးက ယွန်းခက်ထန် ဆိုတဲ့သူမကို အငှားကိုယ်ဝန်နဲ့မွေးထားခြင်းဖြစ်သည်။ ဒယ်ဒီက လိင်တူခြင်းလက်ထပ်ထားသည့်အမျိုးသားတစ်ယောက်။

မိဘတွေက Gay ဖြစ်နေလို့ ယွန်းရှက်မိလားဆိုတော့ နည်းနည်းလေးမှမရှက်မိပါ။ ပတ်ဝန်းကျင်အမြင်က ဘယ်လိုပဲရှိရှိ ဒယ်ဒီလို မိဘမျိုးရတာ ယွန်းကံကောင်းသည်လို့ပင်တွေးရမည်။ မိခင်မေတ္တာရော ဖခင်မေတ္တာပါပုံအပ်ကာ အသေးစိတ်ကအစ အလွန်ဂရုစိုက်ပေးတဲ့ ဒယ်ဒီ့ကို အသည်းနင့်အောင်ချစ်ပါသည်။

ပါပါးက လွန်ခဲ့တဲ့ ဆယ့်နှစ်'နှစ်ကတည်းက ကား  accident ဖြင့် ကွယ်လွန်သွားခဲ့သည်။ ပါပါးက ဗြိတိန်နိုင်ငံသား ဒယ်ဒီက မြန်မာနိုင်ငံသားမလို့ ယွန်းက နောက်နိုင်ငံသူတွေနဲ့ ခပ်ဆင်ဆင်။

♡︎အချစ်ကိုစိတ်ထဲမှာမှတ်♡︎Where stories live. Discover now