15

20 3 0
                                    






"What??? ဝါး...ယွန်းခက်ထန် မိုက်လှချည်လား?"

ညနေကအကြောင်း သိဒ္ဓိကို face to face ပြောရင်းဖောက်သည်ချလိုက်ခြင်းဖြစ်သည်။

"နင်ကငါ့အချစ်ကို ပြန်ပေးဆွဲသွားပြီးအဲ့မှာသာယာနေတယ်ပေါ့လေ ဟုတ်လား?"

"Stop....stop...stop...ပြန်ပေးဆွဲတယ်ဆိုတဲ့စကားလုံးကြမ်းကြမ်းတွေနဲ့ မစွပ်စွဲစမ်းနဲ့ဟယ် နင်ပဲ့ငါ့ကိုစောင့်ရှောက်ဖို့ဆိုပြီးထားခဲ့တာမဟုတ်ဘူးလား အဲ့အစား ငါပြန်လာရင် စီးပွားရေးအကြံပေးအနေနဲ့နင့်ဘေးမှာပေးဆပ်ပါ့မယ်ဟယ်"

"ကြောက်တော်မူကြောင်းပါဗျာ...ပြောပါဦး ဘယ်လိုဆက်ဖြစ်လဲ"

"ဘယ်လိုဆက်ဖြစ်လဲဆိုတော့ သူကဖွင့်ပြောပြီးထွက်သွားတာ ငါတားချိန်တောင်မရလိုက်ဘူး ဒါပေမယ့်ဟာ နင်လည်းသိမှာပါ ငါ့မှာစဉ်းစားစရာတွေများတယ်"

"မသိဘူး...ယွန်းခက်ထန် နင်အ့မနေနဲ့ မနက်ကြ တွဲ‌ရအောင်သွားပြောလိုက် နောက်မှ ကျန်ရစ်ဖြစ်ပြီးငိုမနေနဲ့"

"သိဒ္ဓိရာ ခုကိစ္စကနင်နဲ့မိုင်းလိုအဆင်ပြေတဲ့အရာမှမဟုတ်တာ ပြီးတော့ သူတို့ကအမေတစ်ခုသမီးတစ်ခုရယ်"

"ဟ...အဲ့တော့ဘာဖြစ်လဲ နင်တို့နှစ်ယောက်လုံးချစ်နေကြတာပဲလေ အလုပ်ရှုပ်တယ် သူ့အမေသဘောမတူဘူးဆိုရင်ခိုးသာပြေးခဲ့ ကျန်တာငါရှင်းပေးမယ်"

"အမလေး ကိုယ့်ကိစ္စကိုယ်တောင်မရှင်းနိုင်တဲ့သူက"

"ငါအတည်မေးမယ် ယွန်းခက်ထန်၊ နင်အဲ့ကလေးမကိုတကယ်ချစ်တာလား၊ ဘယ်လိုအချစ်မျိုးနဲ့လဲ၊ တစ်ခါတစ်လေ သူ့ကိုအပြင်းအထန်လိုချင်တဲ့တဏှာမျိုးရှိလား"

"ငါသူမရှိရင်မဖြစ်လောက်ဘူး"

"အဲ့တာကိုက နင်မပြတ်သားတာပဲ၊ သေချာစဉ်းစား ပြီးမှအားလုံးမျက်နှာပျက်ရမယ့်အရာမျိုးမဖြစ်စေချင်ဘူး"

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ယွန်းခက်ထန်ကိုတကယ်အားမရပါ။ ခုပုံစံက ယွန်းခက်ထန်ပုံရိပ်တွေပျောက်ဆုံးနေသလိုပင်ခံစားနေရသည်။

"ငါသူ့အပေါ်ကို နင်ထင်တာထက်ကိုပိုပြီးမြတ်နိုးပါတယ် သိဒ္ဓိရာ၊ ငါ့ရင်ခုန်သံကလည်း သူနဲ့မှနိုးကြားတာ၊ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာလည်း သူ့မျက်နှာလေးမြင်ရမှ၊ အင်း...တဏှာကတော့ သူ့နှုတ်ခမ်းလေးကိုနမ်းချင်ရုံအပြင်မပိုခဲ့ဘူး၊ ဒါတွေမလိုပါဘူးဟာ အဓိကက သူငါ့ကိုရွေးချယ်ပြီးမှ သူမပျော်မရွှင်ဖြစ်ရမယ့်အရာမျိုးမဖြစ်စေချင်ဘူး။

♡︎အချစ်ကိုစိတ်ထဲမှာမှတ်♡︎Where stories live. Discover now