3

32 2 0
                                    





"သမီး လာဦး"

အပြင်ကပြန်လာတဲ့ ကိုယ့်ကို ဧည့်ခန်းထဲ မိန့်မိန့်ကြီးထိုင်ပြီး လှမ်းခေါ်နေတဲ့ ဒယ်ဒီ။ ဒယ်ဒီက ဝိုင်းမော်မှာ ရှိနေရမှာမဟုတ်ဘူးလား။ Sunday မှပြန်လာမယ်ပြောပြီး အိမ်ရောက်နေတော့ ဘာအရေးကြီးလို့များလဲပေါ့။

လူကလဲ အခုတလောမှ ဝယ်ပေးထားတဲ့ Audi sport series ထဲက RS 3 LMS အနီအနက်ကြားလေးစီးပြီး စောင့်ကြွားကြွားပုံစံလေး ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ အပေါဆုံးက ငွေပဲမလို့ ရေလိုဖြောကာ ဟိုဟာဝယ် ဒီဟာဝယ်နဲ့ စည်းစိမ်တွေကြား ယစ်မူးနေတာ ငြင်းမရ။ ဒယ်ဒီက တစ်နေ့တစ်နေ့ ငွေဖြူရော ငွေမည်းတွေပါ မနည်းမနောဝင်တာမလို့ သုံးမကုန် ဖြုန်းမကုန်ဖြစ်နေသည်။

အခန်းထဲမှာလဲ ထွက်သမျှ BL Series တွေ စာအုပ်တွေကလဲ စင်ပေါ်မှာအပြည့်။ ဒီကြားထဲ K-pop idol တွေရဲ့ Album​ တွေ photo book တွေကလဲ မနည်းမနော။ နံရံတွေမှာလဲ မင်းသားပုံတွေအပြည့်။ အိပ်ခန်းထဲက နံရံကပ် LED TV ကြီး ကပ်ထားတဲ့ နေရာပဲ လွတ်သည်။

ဒယ်ဒီကလဲ ဘာမှမပြော။ သုံးစမ်း သမီး ဆိုပြီး ငွေပုံပေါ်ပစ်တင်ထားသည်။ ခုတလော ဒယ်ဒီကလဲ အချိန်သိပ်မပေးနိုင်သလို ဒယ်ဒီ့ကိုလဲ အချိန်မပေးမိ။ သိဒ္ဓိအားတဲ့ အချိန်ပဲ ထိုင်စောင့်ကာ အပြင်သွားဖို့ပဲ တာစူနေမိသည်။

ထိုင်းက BL fan meeting တောင် နှစ်ယောက်သား သွားလိုက်သေး။ အားလုံးကတော့ သိဒ္ဓိနဲ့ယွန်းကို အရာရာအဆင်ပြေနေပြီထင်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါတွေ ခေါင်းထဲမရှိ။ သိဒ္ဓိဟာလေးကို ထိုင်းမှာ တွေ့လိုက်တယ်ဆို၍ သွားရှာရင်း တိုက်ဆိုင်၍သာ Fan Meeting​ ဝင်နွှဲခြင်းဖြစ်သည်။

"ဒယ်ဒီ ဘာပြောမလို့လဲ"

ဒယ်ဒီ့ရှေ့က ဆိုဖာမှာ ကျောပေးထိုင်နေတဲ့သူကို ကြည့်ပြီးဆိုတော့

"လာလာ ဒယ်ဒီမိတ်ဆက်ပေးမယ် ဟောဒီ မောင်မိုင်းစက်က သမီးကိုယ်ပိုင် ဘော်ဒီဂတ် ဖြစ်လာမယ့်သူ သမီး ဘယ်သွားသွား သူပါလိမ့်မယ်"

"ဟင် ဟိုခြောက်ယောက်ကရော"

"သူတို့လဲ ပါရမှာပေါ့ သမီးရဲ့"

♡︎အချစ်ကိုစိတ်ထဲမှာမှတ်♡︎Where stories live. Discover now