11

16 4 0
                                    

တဖြည်းဖြည်းနဲ့ ယွန်းခက်ထန်ဘ၀နဲ့ ကျွန်မဘ၀ဟာ ဝေးကွာလို့ ဝေးကွာမှန်းမသိဖြစ်လာရပါသည်။

ရှင်သန်ရာပတ်၀န်းကျင်လည်း မတူညီကျတဲ့အပြင် ခံယူချက်တွေဟာလည်း ကွဲပြားလို့နေခဲ့သည်။

ငွေဆိုတာ ရေလိုသုံးနိုင်တဲ့ ယွန်းခက်ထန်က ငွေရဲ့တန်ဖိုးကိုနားမလည်သလို ကိုယ်ရှာမှကိုယ်သုံးနိုင်တဲ့ဘ၀မှာနေတဲ့ကျမကတော့ ငွေရဲ့တန်ဖိုးကိုအပြည့်အ၀နားလည်ပြီး မက်မက်မောမောရှိလှသည်။

ဒါကိုပဲ သူမက ကျွန်မဟာ ငွေမက်တဲ့မိန်းမရယ်လို့ ယူဆခြင်းဖြစ်ပေလိမ့်မည်။ သူမပြောတာလည်း မမှားသည်မို့ ကျွန်မလည်း ဘာမှထွေထူးပြီးမရှင်းပြချင်ပါ။

ရှင်းပြလည်း နားလည်လာမှာမဟုတ်တဲ့ ယွန်းခက်ထန်အယူအဆတွေကြောင့်ဆို ပိုမှန်ပေလိမ့်မည်။

ခုလည်း Facebook newsfeed မှာတက်လာတဲ့ short video လေးကြည့်ပြီး ယွန်းခက်ထန်ကကိုယ်နဲ့မတန်သလိုခံစားနေရတာမဟုတ်ပါလား?

'နင်နဲ့ငါရဲ့ဘ၀က အကွာကြီးကွာခြားလွန်းပါတယ် ယွန်းခက်ထန်ရယ်'

အခန်းထဲမှာ တစ်ယောက်တည်း ရင်နင့်စွာငိုရင်း တိုးတိမ်စွာပြောနေမိသည်။

ချစ်မိနေသည်။ အဟုတ်ကို ချစ်မိနေတာ။ ယောက်ျားတစ်ယောက်ကိုမဟုတ်ပါပဲ မျိုးတူမိန်းကလေးတစ်ယောက်ကိုချစ်မိနေခဲ့သည်။ အငယ်က အမေတို့ပြောနေသလို ကျိန်စာသင့်တယ်ဆိုတာလား? ၀ဋ်ကြွေးပါလာသည်ကြောင့်လား?

ဘယ်လိုပဲဖြစ်ဖြစ် ယွန်းခက်ထန်ကိုကျွန်မချစ်မိနေခဲ့သည်။ ဒီခံစားချက်ကို စသိတာကလည်း ယွန်းခက်ထန်ကျောင်းကိုလိုက်လာပြီး ပြန်သွားသည့်နေ့မှ ရှင်းရှင်းလင်းလင်းသိခဲ့ခြင်း။

လက်မခံနိုင်။ ကိုယ်တိုင်ထက် အမေသိရင်လည်း လုံး၀လက်ခံနိုင်မှာမဟုတ်။ ရှေးရိုးစွဲတဲ့မိသားစုမှာ ကြီးပြင်းလာသူမို့ အမေများသိရင် မိန်းမယုတ်ရယ်လို့ စွတ်စွဲလေမလား?

ခြောက်နှစ်ပါ။ ယွန်းခက်ထန်နဲ့ သူငယ်ချင်းသက်တမ်း။ ဒီကြားထဲ သူတစ်ယောက်တည်းနဲ့ပဲ နီးနီးကပ်ကပ်နေခဲ့လို့ပေပဲလား? မတွေးတတ်။ တွေးလည်း မတွေးကြည့်ချင်။ ထပ်တူ ဆုံးလည်းမဆုံးရှုံးချင်ပါ။

♡︎အချစ်ကိုစိတ်ထဲမှာမှတ်♡︎Where stories live. Discover now