12

18 3 0
                                    


ဈာပနပွဲပြီးနောက် ကားနားရောက်နေတဲ့ ယွန်းနောက်ခြေလှမ်းကျဲကြီးနဲ့လိုက်ရပြန်သည်။

"ယွန်းခက်ထန်! ရပ်လိုက်"

မပြေးရုံတမယ်ခြေလှမ်းတွေနဲ့သွားနေတဲ့သူနောက် ပြေးလိုက်ရင်မှီမယ်ဆိုပေမယ့် ကိုယ့်အရှိန်အဝါကိုလည်းထိန်းရသည်။ နောက်ဆုံးမမှီတဲ့အဆုံး အသံပေးလိုက်တော့ ဘာလဲဆိုတဲ့မျက်နှာဘေးနဲ့လှည့်ကြည့်လာသည်မှာမချေမငံ။

"ဗစ်တာကိစ္စငါကြည့်ရှင်းလိုက်မှာမို့ နင်၀င်မပါနဲ့"

"စက်နေကိုပဲဂရုစိုက်လိုက်သိဒ္ဓိ၊ နောက်ပြီး ငါ့ကိုအားနည်းတဲ့အမျိုးသမီးတွေလိုအကြည့်မျိုး နောက်တစ်ခါမကြည့်မိစေနဲ့"

"ယွန်းခက်ထန်! ဗစ်တာလိုလူမျိုးက နင်တွေ့ဖူးသလိုလူတွေနဲ့မတူဘူး မိုက်ရူးရဲမဆန်နဲ့"

"ငါ့ထက်ပိုပြီး ကောက်ကျစ်နိုင်မှာမလို့လား?"

"ကျစ်! ယွန်းခက်ထန် ဒါကလေးကစားစရာမဟုတ်ဘူး"

"သိဒ္ဓိစွမ်းရည်! နင်ငါ့ကိုအထင်သေးနေတာလား?"

နှစ်ယောက်တည်း ခပ်ကြိတ်ကြိတ်စကားများနေသည်က အများအမြင်မှာ သရုပ်တော့ပျက်မနေ။

"ငါအကုန်စီစဉ်ပြီးသွားပြီ သိဒ္ဓိ၊ ငါ့ကိုတားဖို့စိတ်မကူးနဲ့၊ စက်နေကိုသာ အကောင်းဆုံးဂရုစိုက်ပေးလိုက် ဒီလိုအချိန်မှာ နင့်ဆီကဂရုစိုက်မှုတွေသူလိုအပ်နေမှာပဲ ငါ့ကိုစိတ်မပူပဲ သူ့ကိုအချိန်ပေးလိုက်ပါ ငါသွားပြီ"

ဟား...။ ယွန်းခက်ထန်ဆိုသည်မှာလည်း ပြောစကားတစ်စက်မှနားမထောင်။ တဇွတ်ထိုးတဇောက်ကမ်း သူထင်ရာသူလုပ်တတ်တဲ့သူမျိုး။ မိန်းကလေးမို့သာတော်ရော့သည်။

"ကိုကို...မမလေးမှာကိစ္စတစ်ခုရှိနေလို့လား?"

"အင်း! မင်းနားတော့လေ ပင်ပန်းနေပြီ လာ အစားကို၀င်အောင်စားမှအားရှိမှာ မင်းအမေကိုစိတ်မပျက်စေနဲ့"

"ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်နိုင်တာမို့ ကိုကိုက မမလေးကိုကူလိုက်ပါ ဘယ်လိုပဲဖြစ်ဖြစ်သူကမိန်းကလေးလေ"

♡︎အချစ်ကိုစိတ်ထဲမှာမှတ်♡︎Where stories live. Discover now