8

18 3 0
                                    




အလုပ်ကိစ္စနဲ့ နှစ်ရက်လောက်ခရီးသွားနေတုန်း ယွန်းခက်ထန်က အဖိုးအဖွားဆီခဏပြန်သွားတယ်တဲ့။

ဒီမှာ သူရှာသွားတဲ့ပြဿနာကို ဘာတစ်ခုမှမရှင်းခဲ့ပဲနဲ့လေ။ အမလေး ကျေးဇူးရှင်လေး။ သူပြောတဲ့ ဖြေရှင်းပေးမယ်ဆိုတာ ဒီလိုပြဿနာရှာတဲ့နည်းလမ်းလား?

ဒီလိုမှန်း အစောကတည်းကသိရင် ကျေးဇူးရှင်ကိုတားခဲ့မိမှာ အမှန်။

ခုတော့ ဘယ်ကစပြီး ဘယ်လိုရှင်းပေးရမှန်းကိုမသိတော့။ မိုင်းကိုကြည့်ပြန်တော့လည်း ကြက်ကြီးလည်လိမ်နေသလို ဘာမှမပြော။

သူနဲ့လက်ထပ်ရမယ်ဆိုတဲ့မိန်းကလေးကလည်း ခေသူတော့မဟုတ်။ အိမ်ထိလိုက်လာပြီး အန်ကယ်လ်မိုးသားကို ပြောဆိုသွားတာကလည်း ရစရာမရှိ။ နောက်ဆုံး အန်ကယ်လ်မိုးသားအမှားပေါ့။ သားသမီးကိုမဆုံးမလို့ ယွန်းခက်ထန်က ဆေးရုံမှာသေခါနီးလူနာရှေ့ရိုင်းစိုင်းသွားပါတယ်ပေါ့။

ကိုယ်မြင်ရတာတော့မဟုတ်ပေမယ့် ယွန်းခက်ထန်က ဟိုမိန်းကလေးပြောသွားလောက်အောင် ရိုင်းစိုင်းမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိသည်။ ကျွန်တော့်နည်းတူ မိုင်းလည်းသိသည်ပင်။ မိုင်းအမေကတော့ ဘာမှမပြောရှာ။ သားကိုအပြစ်သားဖြစ်အောင်လုပ်မိပြီလား ဟူ၍စိတ်ဆင်းရဲနေရှာသည်။

"အကိုလေး ခေါင်းဆောင်ကခေါ်ခိုင်းလိုက်လို့"

အခန်း၀ကနေ မဝံ့မရဲနဲ့ကောင်လေးတစ်ယောက်လာခေါ်တော့ သက်ပြင်းချကာလိုက်သွားရသည်။

အပါးဆီရောက်တော့ အပါးကထုံးစံအတိုင်း ဆေးတံကြီးကိုက်လျက် ထိုင်ဆိုတဲ့သဘော မေးငေါ့ပြသည်။

"ကဲ ရှင်းပါဦး ယွန်းခက်ထန်က မင်းနဲ့တွဲနေတာ မဟုတ်ဘူးလား?"

"ဟုတ်ပါတယ်"

ကျွန်တော့်အဖြေကြောင့် အပါးကစိုက်ကြည့်လာသည်။ သေချာလားဆိုတဲ့အကြည့်မျိုးနဲ့။

"သေချာပေါက်ကျွန်တော်နဲ့တွဲနေတာမို့ ကျန်တဲ့ကိစ္စတွေအပါးဂရုစိုက်စရာမလိုပါဘူး"

"ဟ စိုက်ရမှာပေါ့ မင်းဟာမလေးက ဆေးရုံထိလိုက်သွားပြီး ဟိုကောင်နဲ့ရည်ငံနေတာပါဘာညာပြောသွားတာ တစ်တိုင်းပြည်လုံးအသိလေ"

♡︎အချစ်ကိုစိတ်ထဲမှာမှတ်♡︎Where stories live. Discover now