"မိုင်း ကိုယ့်အခန်းထဲ ခဏလာတွေ့"
ယွန်းခက်ထန်ရဲ့အမိန့်နဲ့ စိတ်မကြည်မသာလိုက်လာခဲ့တဲ့ မိုင်းဟာ ကျွန်တော့်ကို သူ့သူဋေးဆိုတာများ မေ့လျော့နေသည်လားမသိ။
အချိန်ပြည့် မျက်နှာရှစ်ခေါက်ချိုးနဲ့ အနည်းငယ်အရိုအသေတန်ပုံက သက်နော်ထွန်းပင်သတိထားမိလာသည်။
"အကိုလေးသက်တော်စောင့်က မမလေးအရေးပေးထားလို့ထင်တယ် မျက်နှာကြောက တစ်လောကလုံးသူ့လုပ်စာထိုင်စားနေတဲ့ရုပ်ဖြစ်နေပြီ" ဟူ၍...။
ဟိုနေ့ကကိစ္စဖြစ်ပြီးကတည်းက အဲ့အကြောင်းကို အစမဖော်မိသလို ဘာမှလဲမဆွေးနွေးဖြစ်။ အလုပ်ကအရေးကြီးသည်မို့ ဖြေရှင်းပြီးမှသာ စကားစမြည်ပြောဖို့စိတ်ကူးခဲ့သည်သာ။
"ဆရာ ကျွန်တော့်ကိုဘာခိုင်းစရာရှိလို့လဲ"
အလုပ်စားပွဲရှေ့ရပ်ကာ လက်နှစ်ဖက်ကိုစုကိုင်ထားပြီး တရိုတသေမေးလာတော့ မျက်လုံးပင့်ကြည့်ကာ
"ထိုင်ပါဦး မိုင်းရဲ့ နှစ်ယောက်တည်းရှိချိန်ဆို လွတ်လွတ်လပ်လပ်ပဲပြောပါ"
"မဟုတ်တာ ဆရာကကျွန်တော့်အလုပ်ရှင်ပဲ"
"မိုင်းစက်နေရောင်!"
ဒီသွေးအေးလွန်းတဲ့လူသားကို ကျွန်တော်စိတ်မရှည်ချင်တော့ပါ။ ကိုယ့်ထက်ပိုအကြောတင်းပြနေတာက စိတ်ရှည်နိုင်စရာတစ်ကွက်မှမရှိ။
ဒေါသနဲ့အတူ လူကမိုင်းဘေးလွှားခနဲရောက်သွားရသည်။ စိတ်ရှိတိုင်းသာဆို ဒီကောင်သေတော့မှာ။
"မင်းကိုငါတက်-ိုးထားတယ်ဆိုတာ မမေ့နဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းကငါ့အပိုင်"
"..."
ကျွန်တော့်စကားတွေပျောက်ရှကုန်ရသည်။ ဟိုနေ့က မမလေးလက်ဆော့ပြီး ဆေးခတ်လိုက်လို့ဖြစ်သွားတယ်ဆိုတာ သိထားပြီးသား။ မမလေးဘေးဆက်နေရင် ဘယ်လိုကစားနည်းတွေထဲ ဆက်ပြီး၀င်ပါနေရဦးမလဲမသိတာကြောင့် အန်ကယ်မိုးသားကို ဘာမှမပြောပဲ အကိုလေးသိဒ္ဓိနောက်လိုက်လာရခြင်းပင်။
မျက်နှာတော့အနည်းငယ်ပူပေမယ့် မမလေးဘေးနေရတာထက်စာရင်တော့ အနည်းငယ်တော်သေးသည်ဟုဆိုရမည်။