17

21 4 0
                                    

သန့်ဇင်နောင်နဲ့ဆက်သွယ်ပြီး မြစ်ကြီးနားသို့ရောက်လာသော်လည်း ချစ်ရသူက အိမ်၌ရှိမနေ။

"အသန့်...ယွန်းကဘယ်သွားတာလဲ"

"မမက အလုပ်ကိစ္စရှိလို့ဆိုပြီးမနေ့ကတည်းကထွက်သွားတာ"

"ဘယ်ကိုတဲ့‌လဲ"

"ဟိုလေ မမလွမ်း၊ အရေးမကြီးဘူးဆိုအိမ်မှာပဲတည်းနေလို့ရတယ်"

"ယွန်းဘယ်သွားလဲမသိဘူးလား"

"ပန်နန်းဒင်တဲ့မမလွမ်းရဲ့"

"ပန်နန်းဒင်!!!"

"ဟုတ်တယ်၊ ဟုတ်တယ် အဲ့မှာရှိတဲ့ မမယွန်းအိမ်ကအရမ်းလှတာသိလား၊ သားတောင်လိုက်ချင်တာ မမယွန်းကနောက်မှလိုက်ဆိုလို့ကျန်နေခဲ့တာ"

"လိပ်စာရောသိလား"

"သိတာပေါ့ဗျ"

"တို့လိုက်သွားကြမလား"

"အာ...မဖြစ်ပါဘူး၊ မမသိရင်စိတ်ဆိုးနေမှာ"

"မဆိုးစေရဘူး၊ မမအာမခံတယ်"

"တကယ်လား၊ သေရောသေချာလို့လား"

မယုံသင်္ကာဖြင့်ကြည့်နေတဲ့ သန့်ဇင်နောင်ကိုခေါင်းအသာညိတ်ပြကာ မနည်းချော့ခေါ်နေရသည်။ ပန်နန်းဒင်ကိုလွမ်းမသိ၊ ခုမှကြားဖူးခြင်းပင်။ ဒီကနေ ပန်နန်းဒင်ရောက်ဖို့ရန် အချိန်မည်မျှယူရမည်မှန်းလည်း လွမ်းမသိပါ။

(A/N ပန်နန်းဒင်ဆိုတာ မြန်မာနိုင်ငံရဲ့မြောက်ဘက်အစွန်ဆုံးမြို့ပါဗျ)
.................……………………………

"ငါ့ဘ၀မှာ ဘာကိုအမုန်းဆုံးလဲသိလား သစ္စာ...အဟွန်း နာမည်နဲ့လိုက်ဖက်နေချက် ကျစ်"

စုတ်သပ်လိုက်ပြီး ခြေချိတ်ထိုင်နေရာမှရပ်ကာ ကျောပေးလျက် တသိမ့်သိမ့်ရယ်နေသည်။

ထို့နောက် မဲ့ပြုံးတစ်ချက်နဲ့အတူ ပြန်လှည့်လာကာ စိုက်ကြည့်နေသည်မှာ ကြက်သည်းထဖွယ်။

သစ်သားထိုင်ခုံထက် သံကြိုးများရစ်ပတ်ချည်နှောင်ကာ သွေးအလိမ်းလိမ်းပေပွနေတဲ့လူတစ်ယောက်။ ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် ထိုလူမှာမည်သူဖြစ်သည်ပင် မှန်းဆမရအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပေသည်။

You've reached the end of published parts.

⏰ Last updated: Sep 16, 2022 ⏰

Add this story to your Library to get notified about new parts!

♡︎အချစ်ကိုစိတ်ထဲမှာမှတ်♡︎Where stories live. Discover now