Chapter - 35

3.4K 291 32
                                    

Unicode
~~~~~~~~

" အမြန်အထုတ်အပိုးတွေပြင် ... ငိုနေလို့မပြီးဘူး "

လင်းရှိန်က ဒေါကြီးမောကြီးဖြင့် သမီးဖြစ်သူကိုအော်လိုက်တော့မှ လူတကာရဲ့သတွေးခွက်ထဲမှာမြောနေ၍ စိတ်ကယောင်ခြောက်ခြာဖြစ်နေတဲ့ ကသစ်ပန်း ထလာတော့သည် ။

သူမရဲ့အစီအစဉ်တွေအားလုံး အဆင်ပြေပြီထင်ထားပေမဲ့ သူမရဲ့သရုပ်မှန်ကို လွယ်လွယ်လေးထုတ်ဖော်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ ။ သူမဘက်ကအမြဲ ကာကွယ်ရပ်တည်ပေးတဲ့ ဖခင်ဖြစ်သူဟာလဲ ခုချိန်မှာ သူ့ရဲ့မကောင်းမှုမှန်သမျှ သက်သေတွေအားလုံး အရာရှိတွေထံရောက်ရှိနေပြီမို့ ထွက်ပြေးဖို့အတွက်ကိုသာ စိတ်လောနေပြီး သူမအားဂရုမစိုက်တော့တဲ့အပြင် အော်ကာငေါက်နေသေးသည် ။

ထိုစဉ် သူတို့ရဲ့လူယုံက အလောတကြီးရောက်လာပြီး သတင်းပေးလာသည် ။

" ဆရာ ကျွန်တော်တို့လမ်းတွေအားလုံး အပိတ်ခံထားရတယ် "

" ဘာ !! မဖြစ်နိုင်တာ ... ဒီနေရာထိ သူတို့ဘယ်လိုအနံ့ခံနိုင်ကြတာလဲ "

" ကျွန်တော်ထင်တာတော့ မမလေး Live လွှင့်လိုက်တာကြောင့် တည်နေရာကို သိရှိသွားတယ်လို့ထင်တယ် ... ခုအချိန်မရှိတော့ဘူး ... ဒီကနေအမြန်ထွက်ပြေးမှရမယ် "

လင်းရှိန်က ပို၍ ဒေါသထွက်သွားကာ ကသစ်ပန်းအား ဒေါသတကြီးကြည့်လိုက်ပြီး ...

" ပစ္စည်းတွေထုတ်ပိုးနေဖို့အချိန်မရှိတော့ဘူး ... အသက်ရှင်ချင်ရင် အနောက်ကနေ လိုက်လာခဲ့ "

ကသစ်ပန်းကလဲ လန့်သွားပြီး သူမပစ္စည်းတွေအားလုံးကိုထားခဲ့ကာ အမြန်လွတ်မြောက်ဖို့ ပြေးထွက်လာခဲ့ကြသည် ။ တစ်ကြိမ်တစ်ခါမှ အသက်အန္တရာယ်နဲ့မကြုံဖူး၍ ကသစ်ပန်းတုန်လှုပ်နေသည် ။ လင်းရှိန်က သူမလက်ထဲကို သေနတ်ထည့်ပေးလိုက်ပြီး ...

" ဒါငါပေးနိုင်တဲ့ နောက်ဆုံးသောအမွေပဲ ... မင်းအသက်ကိုမင်းကာကွယ်ပြီး လွတ်အောင်ပြေး "

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now