Chapter 1 (Uni+ZG)

2.2K 100 6
                                    

Unicode

"I need a lover to keep me sane 🎵

Pull me from hell, bring me back again🎶

Play me the classics 🎵 something romantic🎶

Give him my all when I don't even have it....."

ဘန်ကောက် မြို့တစ်နေရာက ဘားငယ်‌ေလးတစ်ခုမှာ ကြည်လင်ပြတ်သားတဲ့အသံနဲ့အတူ Troye Sivan ရဲ့ "Angel Baby" တေးသွားလေးပျံ့လွင့်လျက်ရှိသည်။

ဘားထဲရှိ စားပွဲများမှာ လူကျိုးတိုးကျဲတဲနှင့် တချို့က ဝိုင်းဖွဲ့‌ေသာက်စားစကားပြောနေကြပြီး တချို့ကတော့ သီဆို‌ဖျော်ဖြေမှုကို ရှုစားနေကြသည်။

"You came out the blue on a rainy night, no lie🎵

I'll tell you how I almost died🎶

While you're bringing me back to life 🎶"

သီချင်းသီဆိုသူမှာ ဂစ်တာတစ်လက်ဖြင့်သာတီးခတ်သီဆိုနေတာကြောင့် သီချင်း‌ေအး‌ေအးမှာ ညခင်းနှင့်ပနံသင့်လျက်ရှိနေသည်။

ကျိုးတိုးကျဲတဲ customer များထဲမှ လက်ခုပ်သံအနည်းငယ်ကို သီချင်းဆိုရင်းနဲ့မှ အတတ်နိုင်ဆုံးပြုံးပြတတ်သူမှာ ဖော်ရွေပျူငှာသည့်ပုံပင်။

Jeff က သီချင်းတွေကိုချစ်သည်။ ငယ်စဉ်ကတည်းက သီချင်းအမျိုးအစား မျိုးစုံကို စွဲစွဲမြဲမြဲနားထောင်လေ့ရှိသည်။ မိဘတွေနားထောင်လေ့ရှိတဲ့ ရှေးခေတ်သီချင်းတွေကစလို့ ခေတ်ပေါ် Pop, Rock, Hip Hop တို့အထိ မျိုးစုံသောသီချင်းတွေကိုနှစ်သက်သူဖြစ်သည်။

"Jeff, ဒီနေ့ဘာလို့သုံးပုဒ်ပဲဆိုတာလဲ"

"မနေ့ညက အသံလေ့ကျင့်ထားလို့လေ၊ လည်ချောင်းနာနေတာ"

"အော် ဘာအတွက်လဲ"

"သီချင်းဆိုပြိုင်ပွဲလေးတစ်ခု ၀င်ပြိုင်ရင်ကောင်းမလားလို့လေ"

"ကောင်းတာပေါ့၊ ကံကောင်းပါစေနော်၊ ၀င်ပြိုင်ပြီး နိုင်သွားရင် အစ်မရဲ့ Bar ကိုပစ်မထားနဲ့ဉီး"

"ပစ်မထားပါဘူးဗျာ၊ အရင်ဆုံး ပြိုင်ပဲပြိုင်ဖြစ်ပါစေဉီး"

Bar ပိုင်ရှင် Tiny ဆိုသူမှာ Jeff ကို သူ့ဘားမှာ အချိန်ပိုင်း သီချင်းဆိုဖို့ကော၊ အချိန်ပြည့် ဆိုင်မန်နေဂျာအဖြစ်ကော တစ်ဉီးတည်းသောခန့်ထားပေးတဲ့ သဘောကောင်းမနောကောင်း သက်လတ်ပိုင်း အမျိုးသမီးတစ်ဉီးပင်။

STAYWhere stories live. Discover now