Chapter 23 (Uni+ZG)

443 42 2
                                    

Unicode

Jeff ရှေ့က Milk ရဲ့မျက်နှာကို စိုက်ကြည့်လိုက်ရင်း memory recall ကို ကြိုးစားလုပ်ကြည့်သည်။ ချစ်ရသော ချစ်သူလေးရဲ့ပုံရိပ်များအပြေးအလွှားပေါ်လာတဲ့မှတ်ဉာဏ်ဟာ ထွေထွေထူးထူးအားစိုက်ထုတ်စရာမလိုပဲနဲ့တောင် Jeff ခေါင်းထဲရောက်လာသည်။

မျက်လုံးကိုဖွင့်လိုက်တော့ ရှက်ပြုံးလေးနဲ့ ရက်ရက်ရောရောပြုံးပြသူ Barcode ကိုတွေ့သည်။ အပြုံးတွေဟာ ကူးစက်တတ်တယ်ဆိုတာ Barcode ပြုံးမှ သူလက်ခံချင်လာသည်။ ကိုယ့်ကိုယ်ကိုတောင်သတိမထားမိပါပဲ ခွာမရတဲ့အကြည့်တွေဟာ အချစ်စာသား မြောက် မြားစွာနှင့် ထပ်တူကျလျက်ရှိသည်။

ဘေးနှစ်ဖက်ကိုချထားတဲ့ Barcode ရဲ့ လက်ကလေးကို ကောက်ကိုင်လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။

မရိုးမရွခံစားချက်က Jeff တစ်ယောက်တည်း‌ဖြစ်နေတာမဟုတ်၊

စကားတစ်ခွန်းမှပင်မပြောရပဲ နှစ်ယောက်သားမျက်နှာတို့နီးကပ်သွားချိန် နှုတ်ခမ်းချင်ထိလုနီးနီးတွင်

"တော်‌တယ် Jeff.....အစ်မထင်တဲ့အတိုင်း Jeff က သင်ယူတာမြန်သားပဲ"

"Jeff လုပ်နိုင်သွားပြီလား"

"အင်း Jeff လုပ်နိုင်သွားပြီ၊ နောက်ပိုင်းတွေလည်းဒီလိုလေးပဲလုပ်မယ်နော်၊ အခုတော့ နေ့လည်စာစားရအောင်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်ထဲကိုပြေး၀င်လာတဲ့ ခြေလှမ်းတွေက လိုတာထက်ပိုပြီးအားအင်ချိနဲ့သယောင်ယောင်ရှိသည်။

ခေါင်းထဲကထွက် မသွားတဲ့ Jeff နဲ့ Milk တို့ရဲ့ပုံရိပ်များက အခုကစပြီး Barcode ကိုခြောက်လှန့်တော့မည့် အိမ်မက ်ဆိုးတစ်ခု.....

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ P'Jeff ကျွန်တော့်ကို မချစ်ဘူး အဟင့်"

အိပ်ရာပေါ်ထိုင်ကာ အားကုန်သုံးပြီးငိုနေမိသည်။ Barcode ကိုရှင်းပြခွင့်တောင်မပေးပဲ တခြားတစ်ယောက်ဆီ ကောက်ကောက်ပါသွားတဲ့ ချစ်ရသူကို မုန်းဖို့ အားအင်လေးများရှိရင် မုန်းပစ်လိုက်ချင်သည်။ မုန်းမရသည့်အတွက်လည်း Barcode ရင်တွေ တစ်စစီကြေလုနီးနီးခံစားနေရသည်။

STAYWhere stories live. Discover now