Chapter 3 (Uni+ZG)

694 72 2
                                    

Unicode

"Code, သားလေး၊ Mae ဆီတကယ်လာတယ်နော်"

"Mae!"

ချုပ်ကိုင်ကိုင်ထားတဲ့ Jeff ရဲ့လက်ထဲကနေ ထိုကလေးငယ်ဆီကိုအပြေသွားတဲ့ Nam ကို Jeff တားနေပေမယ့် မမီလိုက်ပါ။ Jeff က Nam ကို‌ ထခေါ်မယ်လုပ်တော့ Dan က မျက်စပစ်ပြီး Jeff ကိုတားသည်။

မိမိပခုံးကိုကိုင်ကာ ငိုနေသော Nam နှင့် မလှမ်းမကမ်းက Jeff ကိုကြည့်ရင်း ထိုကလေးငယ်မှာ မျက်လုံးအဝိုင်းသားလေးနှင့်ဖြစ်နေရှာသည်။

"Code, သူတို့က Mae ကို မသောက်ချင်တဲ့ ဆေးတွေအတင်းတိုက်နေတယ် သိလား"

Nam စကားကိုကြားတော့ Jeff နဲ့ Dan တို့ရှိရာဘက်လှည့်ကြည့်လိုက်ရာ Dan က ခေါင်းစောင်းပြလိုက်သည်။ ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်သွားဟန်ဖြင့် မသိမသာခေါင်းညိတ်ပြကာ

"Mae kharb, Mae ကဘာလို့ဆေးမသောက်ချင်တာလဲဗျ"

"ဆေးသောက်ပြီးရင် Code ကိုမမြင်ရတော့ဘူး"

"အခု မြင်ရနေတာပဲလေ"

"အခုကဆေးမှမသောက်သေးတာ"

"ကျွန်တော်ကတိပေးတယ်၊ ဆေးသောက်ပြီးရင်လည်း Mae ကျွန်တော့်ကိုမြင်နေရဉီးမှာဆိုတာ"

"တကယ်လား"

"တကယ်ပါခင်ဗျ"

"အဲ့လိုပြောပြီးပျောက်သွားရင်ကော?"

"Mae ကကျွန်တော့်ကိုမယုံဘူးလားခင်ဗျ"

"ယုံ.....ပါ.......တယ်"

"ဒါဆို ဆေးသောက်ရအောင်နော်"

ပြောပြောဆိုဆိုနဲ့ Jeff လက်ထဲကဆေးဗူးကို ပြုံးပြုံးလေးလာတောင်းရှာသည်။ စက္ကန့်ပိုင်းအတွင် ဘယ်သူကသားအရင်းဖြစ်သွားမှန်းတောင် မသိလိုက်သလို Jeff မှာ အူကြောင်ကြောင်ဖြစ်နေရှာတော့သည်။

~~~~~~~~~~~~~~~~~

"ဟူး.....တော်သေးတယ်၊ ညီလေးကယ်လို့နော်၊ မဟုတ်ရင် ဒီကိစ္စပြီးမယ်မထင်ဘူး"

Dan စကားကို လက် မခံချင်ဟန်နဲ့ Jeff က ထိုကလေးငယ်ကို ခေါင်းအစခြေအဆုံးကြည့်သည်။ ကလေးငယ်က ပြုံးပြပေမယ့် Jeff က မသိသလိုနဲ့စကားလမ်းကြောင်းလွှဲ‌ေသးသည်။

STAYWhere stories live. Discover now