Chapter 17 (Uni + ZG)

598 57 4
                                    

Unicode

အအေးခွက်နှင့် ဆေးတို့ကို လင်ဗန်းနဲ့ထည့်လာပြီး ဧည့်ခန်ဆိုဖာမှာထိုင်နေသူ Nam ကိုတိုက်ရမည်ဖြစ်သည်။

"Mae khrap, ဆေးသောက်ရမယ့်အချိန်ပါဗျ"

"ဒီနေ့ဘာအရသာလဲရှင့်"

"ဒီနေ့က ပန်းသီးအရသာပါဗျ"

ဆေးသောက်ဖို့ငြင်းဆန်လေ့ရှိတဲ့ Nam အတွက် တစ်နေ့ တစ်မျိုး ဖျော်ရည်တွေ အချိုပွဲတွေနဲ့ ချော့မော့ပြီးကျွေးတတ်သည်။

Nam ကလည်း Code ဆေးတိုက်ရင်အမြဲအထွန့်မတက်ပဲသောက်တာကြောင့် နှစ်ယောက်သားသိပ်ကိုအဆင်ပြေနေတော့သည်။

"ဟော ကားသံကြားတယ်၊ Jeff ပြန်လာတာလားမသိဘူး"

"Aow Code သွားကြည့်လိုက်မယ်နော်"

မနက်ကမှ လူတွေ့သွားဖြေတဲ့ Jeff က ဒီအချိန်ပြန်လာမှာမဟုတ်ကြောင်းသိပေမယ့် အိမ်ကိုလည်း ဘယ်ဧည့်သည်မှ လာလေ့မရှိတာကြောင့် အထူးအဆန်းဖြစ်နေသည်။

အိမ်အ၀ကနေ လှမ်းကြည့်လိုက်တော့ အိမ်ရှေ့ထိုးရပ်လာတဲ့ကားက Code နဲ့ ရင်းနှီးသယောင်ယောင်....

ကားရပ်ပြီးမကြာခင်မှာပဲ ကားထဲကထွက်လာသော Tarn နဲ့ Phaw တို့က မိမိဆီ ဉီးတည်ကာ လျှောက်လာကြသည်။

"Phaw, P'Tarn!"

အံ့ဩမင်သက်ခြင်းတို့နှင့်အတူ လက်သင့်မခံနိုင်သောစိတ်များက Code ကိုပျာယာခတ်စေသည်။ အချိန်တန်ပြန်လာမှာမို့ မဆက်သွယ်ဖို့ အတန်တန်မှာထားတဲ့ကြားက အိမ်အထိလိုက်လာတာကြောင့် Code တစ်ယောက် ခေါင်းနပန်းကြီးသွားရသည်။

အိမ်ထဲပဲပြေးပုန်းရမလို ထွက်တွေ့ရမလိုနဲ့ Code တစ်ယောက်တည်းဗျာများနေတုန်း သူတို့နှစ်ယောက်က Code ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့သည်။

"Phaw"

"ဖြန်း!!"

ရုတ်တရတ် ပါးပေါ်ကျလာတဲ့ လက်ဝါးတစ်ဖက်က Chay ပါးပြင်တို့ကို ပူနွေးသွားစေသည်။ တစ်ချိန်တည်းမှာ မျက်ရည်ပူပူနွေးနွေးတို့ က ပါးပြင်နီရဲရဲပေါ်မှာနေရာယူလာတော့သည်။

"Phaw"

ဘေးက Tarn က Chay အဖေဖြစ်သူကို တားဖို့လုပ်ခဲ့ပေမယ့် မမီလိုက်တာကြာင့် Chay ကိုမျက်နှာချင်းမဆိုင်ဝံ့သည့်အ ‌ေနအထားဖြင့် အကြည့်လွှဲထားသည်။

STAYWhere stories live. Discover now