Chapter 15 (Uni + ZG)

633 56 8
                                    

Unicode

ဆေး‌ထည့်ခန်းရှေ့မှာ ကုပ်ကုပ်လေးထိုင်နေသော Code မှာ Jeff နှင့် Dan တို့ထွက်လာတော့ အပြေးလေးသွားလျက်

"P'Jeff, ဘယ်လိုနေလဲဟင်၊ အရမ်းနာနေလား"

ပုလင်းကွဲရှဒါဏ်ရာမို့ ဆေးထည့်ရမည်ဖြစ်ရာ Code ကိုဒါဏ်ရာမမြင်စေချင်တာကြောင့် Dan ကိုပဲဆေးထည့်ခန်းထဲခေါ်သွားပြီး Code ကိုအပြင်မှာစောင့်ခိုင်းထားခြင်းဖြစ်သည်။

ဆေးထည့်ပြီးထွက်လာတော့လည်း မိမိဆီအပြေးလေးလာပြ ဇီးရွက်လောက်သာရှိတဲ့မျက်နှာလေးနဲ့ စိုးရိမ်တကြီးမေးပြန်တော့ Jeff စိတ်မကောင်း.....

"မနာပါဘူး၊ ဒါဏ်ရာကသေးသေးလေး"

နှစ်ချက်ချုပ်လိုက်ရတဲ့အကြောင်း ထည့်မပြောဖို့မှာထားတာကြောင့် Dan မှာ ယားနေသောပါးစပ်ကိုတင်းတင်းစေ့ပြီးငြိမ်နေရှာသည်။

'အချစ်သူရဲကောင်းကြီးပဲ'
Dan စိတ်ထဲက မဲ့ကာရွဲ့ကာနဲ့ သူငယ်ချင်းကို ချီးမွမ်းလိုက်တဲ့စကား....

"Ringtone 🎶"

"Hello P'Tiny"

"ဟုတ်၊ ဟုတ်"

"ဟုတ်ကဲ့"

"ဟုတ် P'Tiny ကျွန်တော် သူတို့ကိုခေါ်လာလိုက်ပါ့မယ်"

"ဟုတ်ကဲ့"

Dan က Tiny နဲ့ဖုန်းပြောပြီးနောက် ဖုန်းချလိုက်ပြီး

"Ai Jeff, Code, ဟိုကောင်သတိပြန်လည်လာပြီတဲ့ ခေါင်းကွဲသွားတယ်၊ ဒါဏ်ရာကနက်ပေမယ့်စိတ်ပူစရာတော့မရှိဘူးတဲ့၊ ပြီးတော့ P'Tiny က မင်းအစား လျော်ကြေးပေးလိုက်တယ်"

"ဟမ်"

"Ai Jeff, မင်း P'Tiny နဲ့ ဉီးလေးတို့ကို တောင်းပန်သင့်တယ်၊ အခုဖြစ်သွားတာက သူတို့ဆိုင်မှာ၊ ပြီးတော့ P'Tiny ဖြေရှင်း‌ေပးလို့သာ မင်းထောင်မကျတာ၊ တော်သေးတယ် ခံ၀န်နဲ့ပြီးသွားလို့"

"Aoow အဲ့လူက အရင်လာစတာလေ၊ Code ကို ဘာတွေ‌လာပြောနေမှန်းလည်း မသိပဲနဲ့"

"အဲ့ဆိုလည်း သက်သက်သာသာလုပ်ပေါ့၊ ခုက ခေါင်းကွဲတဲ့အထိဆိုတော့ပြဿနာတွေရှုပ်ကုန်တာ၊ တော်သေးတယ်မသေလို့၊ သေရင် မင်းယောက်ျားကို နေ့တိုင်းထောင်၀င်စာသွားတွေ့ရမှာသိလား Code"

STAYWhere stories live. Discover now