Chapter 19 (Uni+ZG)

460 42 0
                                    

Unicode

"P'Jeff ဘာစောင့်နေတာလဲ ဖုန်းတကြည့်ကြည့်နဲ့"

မနက်စောစောစီးစီး အိမ်အပြင်ဘက်၀ယ် ဘယ်ပြန်ညာပြန်လမ်းလျှောက်ရင်း ဖုန်းတကြည့်ကြည့်နဲ့ ယောက်ယက်ခတ်နေသော Jeff ကို မေးခြင်းဖြစ်သည်။

"ဒီနေ့ လူရွေးပွဲ နောက်တစ်ဆင့်တက်ရမယ့်လူစာရင်းထွက် မှာလေ"

"Aow... ဒီနေ့ထွက် မှာလား"

"အင်း နီးနေပြီ"

"ကလောင်"

"ဟော ၀င်ပြီ"

"မြန်မြန် မြန်မြန်ဖွင့်"

ကာယကံရှင်ထက်ပင် ပိုလို့စိတ်လှုပ်ရှားနေသူလေးက ခြေထောက်ကို ဘယ်ပြန်ညာပြန် ခုန်ရင်း လောနေသည်။

နာမည်တွေတစ်ခုပြီးတစ်ခုဖတ်လာရင်း အဆုံးနားရောက်လာသည်၊ Jeff နာမည်မတွေ့.....

"မဟုတ်သေးပါဘူး ကျော်ဖတ်တာဖြစ်မယ် Code ကိုပေး"

ဖုန်းကို Jeff လက်ထဲကဆွဲယူလိုက်ပြီး သဲကြီးမဲကြီး ဖတ်နေသောကလေးငယ်က Jeff ကိုယ်တိုင်ထက်တောင် Jeff ကိုယုံကြည်နေမှန်းသိသာသည်။

"မရှာနဲ့တော့၊ ကိုယ်မပါဘူး"

ဖုန်းကို ပြန်ယူလိုက်တဲ့ Jeff ကို မှုန်ကုပ်ကုပ်လေးပြန်ကြည့်သည်။

"ကိုယ်အစတည်းက ယုံကြည်ချက် မရှိခဲ့တာပဲ၊ Code ဘယ်‌နှခေါက်ရှာရှာ ကိုယ့်နာမည်တွေ့မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ကိုယ့်ကိုသူတို့မရွေးလိုက်လို့လေ"

"P'Jeff"

ကြိုးစားဖုံးကွယ်ထားပေမယ့် Jeff ရင်ထဲက ၀မ်းနည်းရိပ်ကို ထိုးဖောက် မြင်နိုင်လောက်အောင်အထိ ထိုကလေးငယ်က စွမ်းသည်။

ကျရှုံးခြင်းတွေက အမြင်အားဖြင့်သာလွယ်သည်၊ တကယ်တမ်းခံစားရသူသာ ဘယ်လောက်ခက်ခဲလည်းသိနိုင်၏။

စိတ်ရှုပ်ထွေးစွာနဲ့ ဆံပင်များကို သပ်တင်လိုက်သူ Jeff ရဲ့ နာမည်ကို တီးတိုးခေါ်ရင်း လက်အစုံကို ဆုပ်ကိုင်ပေးသောအထိအတွေ့မှာ နွေးထွေးသည်။

"P'Jeff က Code အတွက်အတော်ဆုံးပဲ၊ ဒီတစ်ခေါက် မအောင်မြင်လည်း တစ်ကြိမ်တစ်ခါတော့ P'Jeff လိုလူမျိုးအတွက် အခွင့်အလမ်းဆိုတာ ရောက်လာမှာပဲ၊ Code ယုံတယ်"

STAYWhere stories live. Discover now