Chapter 6 (Uni+ZG)

675 68 6
                                    

Unicode

"Ai Dan.... မြန်မြန်လုပ်"

"အေးပါကွ ဖြည်းဖြည်းပေါ့၊ အိမ်ပြန်နောက်မကျပါဘူး၊ ဘာလဲ အိမ်မှာ စောင့်နေမယ့်သူရှိနေလို့မလား"

"ချီးကိုစောင့်နေမယ့်သူလား၊ မင်းတော်တော် စကားများတာပဲ"

"Hey Hey..... ငါတို့ ဘားရဲ့ star လေးနှစ်ယောက်က ပြန်တော့မလို့လား"

"အလုပ်ပြီးပြီလေ P'Tiny"

"အလုပ်ပြီးတာမှန်တယ်လေ၊ ဒါပေမယ့် မပြီးသေးတာရှိတယ်"

ပြုံးစိစိ Tiny မျက်နှာထားက တစ်ခုခုကြံစည်ထားတာသေချာသည်။ Jeff တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~

"Cheers!!!!"

အရက်ခွက်တွေကို တိုက်လိုက်ပြီးနောက် မော့ချလိုက်သည်နှင့် အူတစ်လျှောက်ပူဆင်းသွားသော အရသာကို လူတိုင်း စည်းစိမ်ခံနေကြသည်။ ဘားထဲမှာ Customer တွေမရှိတော့........Tiny, Dan, Jeff နှင့် တကွသော Bar Staff များနှင့် Tiny ညီမဖြစ်သူ Solo

"ထုခွန်ခ ဒီနေ့ကတော့ Tiny ညီမ Sol ရဲ့ မွေးနေ့အထိန်းအမှတ် Party ပွဲလေးပါနော်!!!!"

"ဟေး!!!!!!"

စားပွဲခုံပေါ်တက်ပြီး ဘီယာခွက်ကိုမြှောက်ကာ ညီမဖြစ်သူမွေးနေ့အတွက် announcer လုပ်ပေးနေတဲ့ Tiny ကို ဟေးခနဲ အားပေးကြသည်။

"VIP တွေပဲဖိတ်ထားတာမို့ စိတ်ကြိုက် အလွတ်ပျော်လို့ရပါတယ်လို့!!!!!!"

"ဟေး!!!!!!"

"ထုခွန်တို့ ဒီညမမူးရင် မပြန်ကြေး ဘယ်လိုလဲ သဘောတူလား"

"တူတယ်ဟေး!!!!"

"OKEY LET'S START NOWWW!!!!"

"Jeff, Dan စိတ်မပူနဲ့ အမူးသာသောက်နော်၊ အပြန်အတွက် အစ်မတာ၀န်သာထား"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Good Night na Mae"

Mae ကို ဆေးတိုက်ကာ သိပ်ပြီးသွားတဲ့နောက် ဧည့်ခန်းထဲမှာ Jeff ပြန်အလာကို မျှော်နေလိုက်သည်။ ဒီနေ့ကျမှာ Jeff ကလည်းနောက်ကျလိုက်တာ...... Jeff အခန်းထဲကို၀င်ကာ Jeff ဘာတွေကြိုက်တတ်လဲစပ်စုရန် အကြံရလိုက်သည်။

အခန်းမှာ အကျယ်ကြီးတော့မဟုတ်.... အိပ်ရာရယ် စားပွဲရယ်အပြင် စာအုပ်တချို့နဲ့ VCD ချပ်တချို့ တင်သိမ်းထားသော စင်တစ်စင်ရယ် နောက်ပြီး အခန်းထောင့်က အ၀ါရောင် Guitar တစ်လက်ရယ်.....

STAYWhere stories live. Discover now