Chapter 5 (Uni+ZG)

652 62 2
                                    

Unicode

"ဘယ်လိုလုပ်ကြမလဲ ဖေကြီး၊ မေကြီးတို့ သားလေးကို ရှာမတွေ့တာ အခုဆို တစ်ပါတ်တောင်ရှိပြီ၊ သတင်းစာထဲထည့်တာလည်း ဘာမှမထူးဘူး၊ မေကြီးတို့ ရဲတိုင်ကြရင်ကောင်းမလားဟင်"

တစ်ဉီးတည်းသောသားလေး ပျောက်ဆုံးသွားသဖြင့် ပူဆွေးသောကရောက်နေသော Poy မှာ ခြေမကိုင်မိလက်မကိုင်မိနှင့် ခင်ပွန်းဖြစ်သူကို ပြောတော့ ခင်ပွန်းဖြစ်သူက

"နည်းနည်းလောက် စောင့်ကြည့်ပါဉီးကွာ"

"ဘာကိုထပ်စောင့်ရဉီးမှာလဲ? အခုဆို တစ်ပါတ်တောင်ရှိနေပြီ သားလေးနဲ့ အဆက်အသွယ်မရတာ၊ ဘယ်တွေရောက်လို့ ဘာတွေဖြစ်နေမလဲ တွေးတောင်မတွေရဲဘူး ဖေကြီးရယ်၊ မပြောကောင်းမဆိုကောင်း မေကြီးတို့ သားလေးကိုလေ တစ်ယောက်ယောက် များ သတ်ပစ်....."

"တိတ်စမ်း  Poy..... မင်းစိတ်ကို ငြိမ်ငြိမ်ထားမှပေါ့ကွာ၊ ငါလည်း ရှာပေးနေတာပဲ၊ ဒီလိုလုပ်၊ ငါ့အသိ ရဲတစ်ယောက်ကို အကူအညီတောင်းကြည့်မယ်"

'Ringtone 🎶'

Unknown number တစ်ခုနဲ့ ဖုန်းနံပါတ်ဖြစ်တာကြောင့် သားဖြစ်သူဖြစ်လိုဖြစ်ငြား လျင်မြန်စွာ ဖုန်းကို ကောက်ကိုင်လိုက်သည်။

"Hello"

"Hello Mae"

"သား၊ သားလေး Chay မလားဟင်"

"ဟုတ်ပါတယ် Chay ပါ"

"သား ဘယ်ရောက်နေတာလဲဟင်၊ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ အိမ်ပြန်မလာတာလဲ၊ သားကို တစ်ယောက်ယောက် တစ်ခုခုလုပ်..."

"Mae ခဏလေး သားပြောတာနားထောင်နော်၊ သားအခု ဖုန်းဆက်လိုက်တာ သား လုံလုံခြုံခြုံနဲ့ ရှိနေတယ်ဆိုတာပြောဖို့၊ Mae စိတ်မပူနဲ့နော်"

"အင်းပါ၊ ဒါဆို သား အခု အိမ်ပြန်လာတော့မှာမလား"

"ဘေးမှာ Phaw ရှိလား"

"ရှိတယ်လေ"

"သူ့ကို ဖုန်းခဏပေးလိုက်ပါလား"

Poy က ခင်ပွန်းဖြစ်သူကို ဖုန်းလွှဲပေးလိုက်တော့ ခင်ပွန်းဖြစ်သူက အခန်းပြင်ထွက်ကာ ပြောသည်။ ဘာတွေပြောနေကြမှန်းမသိပေမယ် သိပ်တော့မကြာလိုက်ပါဘူး အခန်းထဲပြန်၀င်လာတော့

STAYWhere stories live. Discover now