Chapter 2 (Uni+ZG)

766 80 0
                                    

Unicode

"Shiaa!! မင်းအဖေကဘာလို့ခေါ်လာရတာလဲကွာ၊ ညဘက်ကြီး မြို့ပြင်မှာလဲနေတာဆိုတော့ တော်ကြာ ရှုပ်ရှုပ်ရှပ်ရှပ်တွေဖြစ်နေရင်ဘယ်လိုလုပ်မလဲ၊ ကြည့်ရတာ ခေါင်းရိုက်ခံထားရတာထင်တယ်"

"မင်းကလဲ ကြည့်ရတာ ညီလေးက တော်တော် ငယ်ဉီးမယ်ကွ၊ ရုပ်လေးကလည်း ရိုးမယ့်ရုပ်လေးပါကွာ"

"အဲ့လိုရုပ်လေးနဲ့ ငလည် ငရှုပ်တွေမှအများကြီး"

"မဟုတ်ဘူးကွ၊ ငါထင်တာ.... သူအနိုင်ကျင့်ခံရတာများလားလို‌့၊ သူ့ကြည့်ရတာ ငါကတော့အဲ့လိုပဲခံစားရတယ်"

"မင်းက‌ဗေဒင်ဆရာမို့ကြိုသိနေတာလား၊ သူ့နဖူးမှာစာကပ်ထားလို့လား"

Dan အဖေဖြစ်သူ ဉီးလေး Mon ကညဘက် ကုန်ကားမောင်းရင်း မြို့ပြင်ဘက် လမ်းဘေးတစ်နေရာမှာ သွေးအလိမ်းလိမ်းနဲ့ လဲနေတဲ့ ကောင်လေးတစ်ယောက်ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။ လူသွားလူလာနည်းတဲ့ မြို့ပြင်လိုနေရာမှာ ဒါဏ်ရာနဲ့လဲနေတာကြောင့် ‌ဆေးရုံသွားလျင် အဆင်မပြေနိုင်ဟုတွေးကာ ကူညီလိုစိတ်နဲ့ အိမ်ခေါ်လာခဲ့ခြင်းဖြစ်သည်။

ဒါကို Jeff က လက် မခံဖို့ သူငယ်ချင်းဖြစ်သူ Dan ကို ပြောနေခြင်းပင်.....

Jeff နဲ့ပြိုင်ငြင်းရင် တစ်ကြိမ်တစ်ခါမှ အနိုင်မရတာတဲ့ Dan ဒီတစ်ခါလည်း အနိုင်မရပါ။

"အေးပါကွာ၊ ငါသိပါတယ်၊ ဒါပေမယ့် လူတစ်ယောက်ကိုကူညီတာကောင်းပါတယ်ကွ၊ ဒီလိုလုပ်၊ ဒီညီလေးကြောင့် ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်ငါပဲခံမယ်၊ ဟုတ်ပြီလား"

"ပြီးကော ပြီးကော"

"ဒါဆို သူ့ဒါဏ်ရာတွေဆေးဖို့ ငါ့ကိုနည်းနည်းတော့ကူညီ"

"မင်းအဖေကော?"

"လိုအပ်မယ့်ဆေးတွေသွား၀ယ်တယ်"

"ဒါဆို ငါဘာလုပ်ပေးရမလဲ၊ သူကအသက်ကောရှိသေးရဲ့လား"

"အသက်‌ေတာ့ရှူပါသေးတယ်ကွ၊ ငါစမ်းကြည့်ပြီးပြီ၊ သူ့ကိုရေဖတ်တိုက်ပြီး အ၀တ်လဲပေးဖို့ လိုတာလေးတွေယူပေးဉီး"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘယ်ကမှန်းမသိတဲ့ကလေးကိုခေါ်လာပြီး ဆေးကြောသန့်စင်ပြီးနောက် Dan အိမ်ကနေ Jeff ထွက်ခဲ့သည်အထိ ထိုကလေးမှာသတိမရသေး။ Dan တို့သားအဖအကူအညီရအောင်နေပေးချင်ပေမယ့် အိမ်မှာလည်း မိခင်ဖြစ်သူတစ်ယောက်တည်းဖြစ်နေမည်စိုးသောကြောင့် လုပ်စရာရှိတာလုပ်ပေးပြီး ပြန်ထွက်လာခဲ့သည်။

STAYWhere stories live. Discover now