Chapter 7 (Uni + ZG)

608 55 4
                                    

Unicode

Registration form တစ်ခုကို ဖတ်လိုက် ခံုပေါ်တင်လိုက်၊ ပြန်ယူဖတ်လိုက် ခုံပေါ်ပြန်တင်ထားလိုက်နဲ့ ဗျာများနေသည်။ တကယ်ဆို ဒီပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ ၇၀ ရာခိုင်နှုန်းဆုံးဖြတ်ချက်ချထားပြီးသား၊ သို့သော် တွေဝေနေခြင်းက ကြောက်စိတ်ကြောင့်သာဖြစ်သည်။

ဒီပြိုင်ပွဲကနေ အဆိုတော်၊ ဂီတပညာ‌ရှင်တချို့ ထွက်ပေါ်ခဲ့တဲ့ record တွေလည်းရှိတာကြောင့် ကိုယ့်လိုအညတရ ဝါသနာရှင်အနေနဲ့ ၀င်ပြိုင်ဖို့ရာ ယုံကြည်ချက် ပျောက်ဆုံးနေမိသည်။

"ဟူး......"

သက်ပြင်းများဘယ်နှကြိမ်ချနေမိမှန်းမသိတဲ့အပြင်အနားရောက်လာတဲ့ Code ကိုလည်းသတိမထားမိ

"P'Jeff"

နာမည်လေးခေါ်ရုံမျှလောက်ကို ဂရုဏာပါအောင် ဒီ‌ကလေး ဘာဆေးတွေသောက်ပြီးပြောလဲမသိ။ အဲ့အသံကြောင့် အာရုံပျက်သွားတယ်ဆိုပေမယ့် အာရုံအပျက်ခံပြီးတော့ကို ပြန်ထူးမိသည်က Jeff.....

"ဘာလဲ"

"P'Jeff ဒီနေ့အလုပ်မသွားဘူးလား"

"အလုပ်ပိတ်တယ်"

"Aow....ဒါဆို P'Jeff တစ်နေကုန်အိမ်မှာနေမှာပေါ့နော်"

"အင်း ဘာလဲ၊ ငါ့အမေကို တစ်ယောက်တည်း ဂရုစိုက်ရတာ ပင်ပန်းနေပြီလား"

Jeff အမေးကို လျင်မြန်စွာပဲ ခေါင်းလေးတစ်ဆတ်ဆတ်ခါပြီဖြေသည်မှာ ဆံပင်အုပ်အုပ်လေးပင် လှုပ်ခါသွားသည်အထိဖြစ်သည်။

"မဟုတ်ပါဘူး၊ Mae ကိုဂရုစိုက်တာက Code တစ်ယောက်တည်းလည်းလုပ်နိုင်ပါတယ်၊ ဒါပေမယ့် P'Jeff ရှိတော့ပိုကောင်းတာပေါ့"

"ဘယ်လိုမျိုး ပိုကောင်းတာလဲ"

"Code စဉ်းစားတာက ဒီနေ့ Code တို့ ၃ ယောက် ကစားကြမလားလို့လေ"

"ကစားရအောင် ကလေးမှမဟုတ်တာ၊ မင်းကဘာလို့ကစားချင်တာတုန်း၊ ပြီးတော့ Mae က ကစားရတာကြိုက်လို့လား အမောလည်းမခံနိုင်ပဲနဲ့"

"Mae က ကစားရတာကြိုက်ပါတယ်၊ Code နဲ့ နေ့တိုင်းကစားတယ်၊ ဒါပေမယ့် P'Jeff ကိုပါစေချင်တာက.......P'Jeff တို့နှစ်ယောက်ကို အတူဆော့‌စေချင်လို့လေ"

STAYWhere stories live. Discover now