Chapter - 36

3K 295 31
                                    

Unicode
~~~~~~~~

ရန်ကုန်ကိုပြန်ဖို့အတွက် ဧကရာဇ်မောင်က ခွင့်ပြုလိုက်ပြီမို့ သခင်လေးမုဒြာအား ဦးလေးမြတ်ကိုယ်တိုင်  ပြန်ခေါ်ဖို့ပြင်ဦးလွင်သို့ ရောက်လာခဲ့သည် ။ သခင်လေးကိုကာကွယ်ပေးဖို့ သခင်ကြီးကအပ်နှံခဲ့ပေမဲ့ သခင်လေးအနားကို ဧကရာဇ်မောင်က မကပ်ဖို့အမိန့်ပေးထား၍ ဦးလေးမြတ်လဲ ရန်ကုန်ကအိမ်တော်မှာပဲနေနေခဲ့ရသည် ။

ဦးလေးမြတ်ဟာ သခင်ကြီးလက်ထပ်က အိမ်တော်ထိန်းတစ်ယောက်မဖြစ်ခင် လုပ်ငန်းတွေကိုခွဲဝေလုပ်ကိုင်ပေးရတဲ့လက်ထောက်ဖြစ်ခဲ့၍ ဧကရာဇ်မရှိတဲ့အချိန်တွေမှာ ယာယီလက်ထောက်အဖြစ်လုပ်ငန်းကိုလဲ ထိန်းသိမ်းပေးရသေးသည် ။ ဦးလေးမြတ်မှာ အသိမိတ်ဆွေတွေများပြားတာကြောင့် သူ့အပေါ်ယုံကြည်မှုတွေလဲရှိကြပြီး အခက်အခဲမရှိထိန်းချုပ်နိုင်သည် ။ ခုသခင်အမှန်ကပြန်လာတော့မည်မို့ နေရာကိုပြန်ပေးဖို့လဲအဆင်သင့်ပင် ။

ဦးလေးမြတ်ကိုတွေ့ရတော့ မုဒြာတစ်ယောက် အပျော်ကြီးပျော်သွားသည် ။ သူငယ်စဉ်ကတည်းက ထိန်းကြောင်းပေးခဲ့သည့်သူမို့ အဖိုးဆုံးသွားချိန်မှာ သူယုံကြည်အားကိုးမိတဲ့သူက ဦးလေးမြတ်သာရှိတော့သည် ။ မောင်ကတော့ ခုချိန်မှာ မုဒြာအတွက် ကြောက်ရွံ့ကာ ရှောင်ဖယ်ချင်နေသည့်လူတစ်ယောက်ဖြစ်နေလေပြီ ။

" ဦးလေးမြတ် … ဘာကြောင့်ခုမှရောက်လာရတာလဲ "

မုဒြာက သူ့အခန်းထဲရောက်လာတဲ့ ဦးလေးမြတ်အား အားရဝမ်းသာပြေးဖက်လိုက်သည် ။

" သခင်လေး ……  ဦးလေးတောင်းပန်ပါတယ် … သခင်လေးဒီမှာနေရတာ အဆင်ပြေမယ်ထင်ခဲ့တာ "

" အဆင်မပြေဘူး…  သူက … သူကအရမ်းကြောက်ဖို့ကောင်းတယ် "

ဦးလေးမြတ်ကို ဖက်သွယ်ထားတဲ့ မုဒြာလက်တွေက အနည်းငယ်တုန်ရီနေသည် ။ မုဒြာအဆင်မပြေမှန်းသိသွားတော့ ဦးလေးမြတ်လဲဆက်မမေးတော့ပဲ ကျောကုန်းလေးကိုပွတ်ပေးလိုက်သည် ။

အရာအားလုံးဟာ ပုံမှန်အတိုင်းဖြစ်နေပေမဲ့ အဖြစ်အပျက်တွေအားလုံးကိုမြင်တွေ့ခဲ့ရတဲ့မုဒြာဟာ ညတိုင်အိပ်မပျော်ပဲ ထိုမြင်ကွင်းတွေကြောင့် စိတ်ခြောက်ခြားနေခဲ့ရသည် ။ အားကိုးရာမဲ့ပြီး ကြောက်ရွံ့မှုတွေနဲ့အတူ နေနေရတဲ့ဘဝကြီးကနေ မုဒြာလွတ်မြောက်ချင်နေခဲ့ပြီ ။

ပုန်းကွယ်နေသောချစ်ချင်းတရား ' ကုမုဒြာ ' ( Myanmar OC ) 🚨🔞🚨Where stories live. Discover now