arc (1.5)

1.5K 70 1
                                    

Unicode..... ...........

  အခုဆို ဂျောင်ကူးအသက်ပြည့်ဖို့လဝက်လောက်
သာလိုတော့သည်။ ဉာဏ်အရမ်းကောင်းတာကြောင့်
အသက်မပြည့်သေးပေမယ့် အတန်းပြီးသွားပြီဖြစ်
သည်။ဒီနှစ်အတွင်း သူ့ကိုယ်ပိုင် ကုပ္မဏီတစ်ခုဖြစ်
တဲ့ JK group ကိုလည်းထောင်ထားနိုင်ပြီဖြစ်သည်။

  သေချာတာပေါ့ ထိုသူထူထောင်နိုင်အောင်ကင်ထယ်
ယောင်းရဲ့အကူအညီလည်းပါပေသည်။ ဒီနှစ်တွေအ
တွင်းထယ်ယောင်းဟာ သူအားမရမကလိုက်လန်ပိုး
ပန်းခဲ့သည်။ဂျောင်ဂုလည်း မူကာ အဖြေပြန်ပေး
ခဲ့သည်။ဟုတ်တယ်လေ မူစရာလား ။ဒီလိုနာမည်
ကြီးစီးပွားရေး ဘုရင်ကြီးကိုလက်လွှတ်ရအောင်
ဂျွန်ဂျောင်ကူးကအရူးမဟုတ်ပေ။ဒီကိုယ်ကသာအ
သက်မပြည့်သေးတာ သူကတော့အသက်ပြည့်လို့
လွန်တောင်နေပြီလေ။

ဂျောင်ကူးဟာ Jk group ပိုင်ရှင်မှန်း ကင်ထယ်
ယောင်းနဲ့ အစ်ကိုမင်သာသိလေသည်။အစ်ကိုမင်
ဟာလည်း အခုဆို ကင်ထယ်ယောင်းလက်ထောက်
နဲ့ချစ်သူတွေဖြစ်နေကြပြီဖြစ်သည်။

မကြာခင်သူအသက်ပြည့်တော့မှာမို့ ggကိုလွှတ်ကာ
မိထွေးသားအမိအကြောင်းစုံစမ်းခိုင်းလိုက်တော့
သူအပိုင် ဂျွန်ကုပ္မဏီအား လက်ဝါးကြီးအုပ်ရန်ကြံ့
စီနေတာကြောင့် သူမှာ ကိုရီးယားပြန်သွားရမည်
ဖြစ်သည်။  

"မောင် ''

"ဗျာ ''

"မောင်လို့ ''

"ပြောလေ မောင့်အချစ် ''

"အဟိ ခေါ်လို့ကောင်းလို့ ''

"မောင့်အချစ်အဆိုးလေးကတော့လေ ''

မောင်~ ဟုတ်တယ် ဒါက မောင်ခေါ်ခိုင်းတဲ့နမ်စား
လေးပင်။သူထက် အသက် 6နှစ်ကြီးသော်လည်း
မောင်လို့ခေါ်ပါဟု ပြောလာတဲ့သူကြောင့် မောင်စိတ်
တိုင်းကျ မောင်သဘောအတိုင်း ခေါ်ပေးခဲ့သည်။သူ့
ကိုတော့အချစ်တဲ့လေ။ သူ့အချစ်တွေအားလုံးကိုရည်
ရွယ်ပြီး အချစ် လို့ခေါ်တာဟုပြောလာတုန်းဂျောင်ကူ
းမှာ ရင်ခုန်ရပြန်သည်။မောင်ဘာလုပ်လုပ်သဘော
ကျနေမိတဲ့သူကိုယ်သူလည်း ထိန်းမနိုင်တော့ပေ။

အခုလည်းသူ့ပေါင်ပေါ် ခေါင်းအုန်းကာ နှာခေါင်း
တရူံရူံနဲ့လုပ်နေသေးသည်။ အများမြင်မှာသာအချေ
ကြီး ရေခဲတုန်းဖြစ်နေပေမယ့် သူရှေ့ရောက်ရင်တော့
ခွေးပေါက်လေးလို ဖြစ်သွားတတ်သည်။

System GG { bl }Where stories live. Discover now