arc (3.7)

514 28 7
                                    

Unicode..........

"သား...ဟန်လေး မားပြောစရာရှိလို့ခေါ်လိုက်
တာပါ ''

"ဟုတ်မား ပြောလေ သားကိုဘာပြောချင်လို့လဲ"

"တကယ်လို့လေ မားသာ အခုချိန်မှာနောက်အိမ်
ထောင်ပြုမယ်ဆိုရင် သားကန့်ကွက်မှာလား''

"မား သားကိုဒီလိုမေးနေပုံထောက်ရင် မားမှာ
ရည်ရွယ်ထားတဲ့သူရှိနေတာလား ''

"မား သားကစီးပွားရေးပညာရှင်လို့မပြောရဘူး
အရိပ်ပြတာနဲ့ အကောင်လိုက်မြင်နေပြီပဲ ဟုတ်
တယ် သား မားမညာတမ်းပြောရရင် သူ့နဲ့မား
ပြန်တွေ့တာသိပ်မကြာသေးပါဘူး သူ့ဘက်က
မားကိုဖွင့်ပြောထားပေမယ့် မားကစဉ်းစား
နေတုန်းပါ ပြီးတော့ မားမှာသားရှိသေးတယ်''

"သူ ဘယ်သူလဲ မား ''

"သူ့က ရွီချင်းလုံပါ ''

"ဟို ရွီလုပ်ငန်းစုက ceo ရွီလား ''

"အင်း ''

"မားနဲ့ သူက အခုမှခင်တာလား''

"မဟုတ်ပါဘူး မားငယ်ငယ်ကသူငယ်ချင်းပါ
သားပါးနဲ့လက်ထက်တော့သူကသြစတေးရီးယား
ထွက်သွားတယ်ကြားတာပဲ အခုမှပြန်တွေ့ကြ
တာ မားအကြောင်းသိသွားတော့သူကမားကို
ငယ်ငယ်ထဲကစိတ်ဝင်စားပေမယ့်သားပါးနဲ့
ချစ်သူဖြစ်နေတာကြောင့်သာ နောက်ဆုတ်ပေး
ခဲ့ပြီးမားနဲ့အဝေးကိုထွက်သွားခဲ့တာဖြစ်ကြောင်း
အခုတော့မားနဲ့သားပါးအကြောင်းကြားပြီးသူ
ဘက်ကပြန်ကြိုးစားခွင့်ပေးဖို့မားကိုပြောလာ
တာပါပဲ ''

"မား ဘက်ကရောဘယ်လိုသဘောရလဲ''

"သူ့ကမားအပေါ်တော့အရမ်းကောင်းခဲ့တဲ့သူ
တစ်ယောက်ပါ ဒါပေမယ့် မားစဉ်းစားအုန်း
မယ်လို့ပဲပြောလိုက်တယ် မား မှာသားရှိသေး
တယ် သားသဘောမတူရင်မားလက်ခံမှာမ
ဟုတ်ဘူး ''

"သား သူနဲ့တွေ့ချင်တယ် မားစီစဉ်ပေးလို့ရ
မလား ''

"ဟင် သားကသူ့နဲ့တွေ့ချင်တယ် ''

"အင်း သားသိတယ် သားရှိနေလို့မားနောက်ဆံ
တင်းနေတာ ငယ်ငယ်လေးထဲကတစ်ယောက်ထဲ
ပြုစုပျိုးထောင်ခဲ့မားပင်ပန်းလှပြီ ဒီတစ်ခါတော့
သားအလှည့်ပေါ့ သားသူကိုလေ့လာချင်တယ်
သားလိုချင်တဲ့ပုံစံဖြစ်ရင် သားသဘောတူပေး
နိုင်ပါတယ် ''

You've reached the end of published parts.

⏰ Last updated: Nov 16, 2022 ⏰

Add this story to your Library to get notified about new parts!

System GG { bl }Where stories live. Discover now