arc (2.8)

344 28 0
                                    

Unicode..............

    ရှလင် ဒီမနက်နိုးလာတော့ ခေါင်းသိပ်မကောင်း
   ပါ။မနေ့ကငိုလ်ိုက်တဲ့အရှိန်ကြောင့်ရော သေရည်
  ကြောင့်ပါ ခေါင်းနောက်နေပေသည်။ဒီမနက်ရာသီ
  ဥတုဟာလည်းမိုးအုံနေတာမို့ပိုဆိုးသည်။သို့သော်
   တာဝန်ရှိသေးတာမို့ လုပ်ဆောင်ရန်သွားရပေအုန်း
  မယ်။

   ညီလာခံမှာလည်း အမတ်တွေရဲ့ တင်ပြချက်တွေ
   ကြောင့်ရော အတိုက်အခံတွေကြောင့်ပါ သူခေါင်း
  ပိုကိုက်နေရပေသည်။ညီလာခံပြီးတာနဲ့လေသာ
  ဆောင်ရောက်လာတဲ့အရှင်ကြောင့် သူအနည်းငယ်
  ခေါင်းကြည်လာခဲ့ရသည်။

  " လင် ''

  "ရှိပါတယ် အရှင် ''

"အခုတလော ကိုယ်တော်ကို ရှောင်နေသလိုပဲနော်''

"မဟုရပါ အရှင် ''

  အမှန်တကယ်ပင် သူရှောင်နေခဲ့ခြင်းဖြစ်သည်။သူ
  မောင့်ကိုလွမ်းလို့အစားထိုးဖို့ကြိုးစားနေတယ်ထင်
  တာကြောင့် ရှောင်နေခဲ့ခြင်းသာဖြစ်သည်။

  "တကယ်မရှောင်ဘူးလား လင် ဘာလဲနယ်စပ်မှာ
   ချစ်သူကိုတွေ့ခဲ့ရလို့လား လွမ်းရမည့်သူရှိနေပြီ
   လား ''

  "..............''
/အင်း လွမ်းတယ်အရှင် သူဆိုတဲ့ မောင့်ကိုလေ/

   စကားပြန်ဖြေမလာဘဲ အဝေးကိုသာငေးမောနေ
   တဲ့လင်ကြောင့် သူ့နာကျင်ရသည်။ သူတောင်မ
  ပိုင်ရတဲ့ လင်ကိုဘယ်သူကဝမ်းနည်းအောင်လုပ်
  ရသလဲ။ထိုသူကိုသူသတ်ပစ်ဖို့ဝန်မလေးပေ။ သူ
တစ်ယောက်သာ လင် ပိုင်ရှင်ဖြစ်ရပေမည်။ဝမ်ရူ
မင် ဒေါသထွက်ကာ သူ့ အနံများလွှတ်ထုတ်နေမိ
ပေသည်။

  "အဟွတ်........အဟွတ်.....အရှင် ''

"အာ ကိုယ်တောင်းပန်ပါတယ် လင် ''

"ရပါတယ် အရှင် ကိုဒေါသထွက်စေမိရင်တောင်း
  ပန်ပါတယ် ''

  ရှလင် ဝမ်ရူမင်ရဲ့အနံ့ကြောင့် alpha ဖြစ်တဲ့သူ
တောင် ဖိနိပ်နိုင်တာကြောင့် အင်အားကြီးသူမှန်း
သေချာသည်။အင်း ဇာတ်လိုက်ဆိုတော့ ဒီလောက်
တော့ရှိမှာပဲလေ။

   "အရှင်မင်းကြီး ကောင်းမင်းသားတွေ့ခွင်းတောင်း
  နေပါတယ် ''

System GG { bl }Where stories live. Discover now