arc (3.5)

250 23 1
                                    

Unicode.............

   အိမ်ဂျယ်ဟာ အရင်တုန်းကဟန်စစ်ရဲ့ဇနီး
လောင်းလေးလို့ ပြောလို့ရပေမယ့် ဟန်စစ်အ
မေ ဟန်စစ်ကို ကုမျိုးရိုးပေးထားတာပေါ့
ဘာမှမသက်ဆိုင်တော့ပေ ဟန်စစ်ကလည်း
အိန်ဂျယ်အပေါ် ညီမလေးလိုသာ သဘော
ထားသည်

ငယ်ငယ်တုန်းကဟန်စစ်နဲ့ကစားဖော်လိုဖြစ်
ခဲ့ပေမယ့် ဟန်စစ်နိုင်ငံခြားထွက်သွားတာရယ်
အိန်ဂျယ် သြစတေးတီးယား ရောက်သွားတာ
ရယ်ကြောင့်အဆက်အသွယ်ပျက်သွားခဲ့ရခြင်း
ဖြစ်သည်

"အိန်ဂျယ် ဘယ်တုန်းကပြန်ရောက်တာလဲ ''

"1ပတ်လောက်ပဲ ရှိသေးတာ ကိုကိုကအိန်ဂျယ်
ကိုမေ့သွားပြီပေါ့ အိန်ဂျယ်ကသတိရနေတာ''

"မဟုတ်ပါဘူး အိန်ဂျယ်ကို သတိရပါတယ်''

"ဟွန့် ယုံထားလိုက်မယ် ရုံးကပြန်လာတာမို့
လား ပင်ပန်းလာမှာပေါ့ လာကိုကို ထိုင်ကြ
ရအောင် ''

"အင်း ''

ဟန်စစ် ဧည့်ခန်းမှာထိုင်လိုက်တော့ ဇာတ်လိုက်
ရော ဇာတ်လိုက်မအပြင် ဇာတ်လိုက်အမေကိုပါ
တွေ့လိုက်ရသည်

သေချာကြည့်ရင် ဇာတ်လိုက်အမေရဲ့မျက်လုံး
တွေဟာ အိန်ဂျယ်အပေါ် ဘလင်းဘလင်းထ
နေသလိုပင်

သူထင်သလိုတော့မဟုတ်ပါဘူးနော် ဟန်စစ်
ဇာတ်လမ်းကိုပြန်စစ်ကြည့်တော့ အိန်ဂျယ်ဟာ
ဗီလိန်နေရာကဖြစ်သည်

ဟန်စစ်ရဲ့ဇနီးလောင်း့ဖစ်ခဲ့သော်လည်း
ဟန်စစ်ကချန်မျိုးရိုးမဟုတ်တာကြောင့်ရော
သေဆုံးသွားတာကြောင့်ပါ ချန်ချင်းယွမ်
ရဲ့ ဇနီးလောင်းဖြစ်လာခဲ့သည်

ဇာတ်လိုက်တို့အကြောင်းကိုသိရှိသွားတဲ့
အိန်ဂျယ်က ဇာတ်လိုက်နဲ့ဇာတ်ိုက်မကို
တော်တော်လေးအခြေအနေဆိုးတဲ့အထိ
နှောက်ယှက်ခဲ့သည် ဘယ်လောက်ထိ
တောင်လဲဆို သူ့ဘဝအပျက်ခံပြီးကို
ဇာတ်လိုက်တို့ကိုအခြေအနေဆိုးတောင်
ဖန်တီးခဲ့တဲ့သူပင်

အားရိုး ဒီဗီလိန် လေးကကြောက်ဖို့ကောင်း
တယ် သူ့ဘဝတောင်အပျက်ခံခဲ့တာဆို့တော့
ပေါ့သေးသေး တော့မဟုတ်ဘူးပဲ

System GG { bl }Where stories live. Discover now