arc (1.10)

488 42 0
                                    

Unicode...............

   At the party.......

     ခြံအနှံ့လှပစွာ နေရာယူထားတော့မီးလုံးလေး
   များအလယ်တွင်လူအများအပြားရှိနေပေသည်။
   ကင်သခင်လေးအား လာကြိုဆိုကြတာလားသမီး
   လာရောင်းကြတာလား မသဲကွဲအောင်ပင်။ထိုထဲ
   တွင်တော့ ဟာနာ ဟာ အလှဆုံးနတ်သမီးလေး
   ဖြစ်နေသည်။

    ဒါကြောင့် ဟာနာဟာ သူကိုယ်သူ အလှဂုဏ်
   မောက်နေပေသည်။ထိုစဥ်ထိုးရပ်လာတဲ့ ကား
   တစ်စီးကြောင့် ပွဲထဲကအသံတွေအားလုံးဟာရုတ်
   ချင်းရပ်တန့်သွားခဲ့ရသည်။အဘယ်ကြောင့်ဆို
  သောထိုကားဟာ ကင်အိမ်တော်မှဖြစ်သောကြောင့်
  ဖြစ်သည်။

    မကြာခင်ကားထဲမှ အရပ်ရှည်ရှည်အလွန်ခံညား 
   တဲ့သူတစ်ယောက်တည်ငြိမ်စွာ ဆင်းလားခဲ့သည်။
   ရိုးရှင်းစွာဝတ်ဆင်ထားသော်လည်း ထိုသူရဲ့အရှိန်
   အဝါကြောင့် ပိုမိုပေါ်လွင်နေပေသည်။ထိုသူရဲ့အ
  ကြည့်တစ်ချက်ကြောင့်ပွဲထဲကမိန်းကလေးများ
   ဟာ ပါးပြင်လေးတွေရဲတတ်သွားကြသည်။

      ထိုထဲတွင် ဇာတ်လိုက်မဟာလည်း ~~~~

   /ထိုသူကအရမ်းချောလွန်းတယ် ကင်ဘတ်ဟွန်း
    ထက်တောင်ပိုလိုကြည့်ကောင်းသေးတယ် ထိုသူ
    နဲ့ ငါကပိုလိုက်တယ် ဟုတ်တယ် /

    သို့သော် မိန်းမလှလေးတွေရဲ့ရည်ရွယ်ချက်တွေ
   ဟာ ခနလေးနဲ့ ကွဲကျေပျက်စီးသွားခဲ့ရသည်။အ
   ဘယ်ကြောင့်ဆိုသော် ကားထဲမှထွက်လာသောအ
   ဖြူရောင် လက်သွယ်သွယ်လေးကြောင့်ပင်။

    ဟာနာအပါအဝင်ထိုပွဲထဲကလူတိုင်းကလည်း
    ကားထဲက ကံအကောင်းဆုံးအမျိုးသမီးလေး
   အား စောင့်ကြည့်နေကြသည်။သို့သော်သူတို့ထင်
   မြင်ချက်နဲ့လွဲ စွာ ထိုကားထဲကနေ ကောင်လေး
   တစ်ယောက်ဆင်းလာခဲ့သည်။

     ဟာနာရဲ့လှကိုနတ်သမီးလို့တင်စားရင်ထိုကောင်
      ငယ်လေးကိုလည်း အလှနတ်ဘုရားလို့တင်စား
     နိုင်ပေသည်။သူ့တို့ဟာ couple ဝတ်ထားတာမ
    ဟုတ်သော်လည်း အဖြူနဲ့အနက်ဟာ ထိုသူနှစ်
    ယောက်ကို လိုက်ဖက်ညီစေပေသည်။ထိုကောင်
    လေးရဲ့ခါးကိုဖက်ကာ တယုတယကိုင်တွယ်လာ
     တဲ့ ကင်သခင်ကြီးကြောင့် အားလုံးဟာ ကင်သ
      ခင်ကြီးအား gayဟုသိမြင်သွားကြသည်။

System GG { bl }Where stories live. Discover now